MRTV မှာလွှင့်တဲ့”ငါလည်းအိပ်ချင်ပြီ နင်လည်းအိပ်တော့လေ” သီချင်းကို ပြန်လည်သီဆိုလိုက်တဲ့ မေလသံစဉ်









Source-Mayla Than Sin

Credit ; CeleChitThu

ပရိတ်သတ်ကြီးရေ အဆိုတော်မ‌လေး မေလသံစဉ်ကတော့ မြန်မာသံ တေးသီချင်းလေးတွေကို ပြန်လည်ဆန်းသစ် သီဆိုနေတာကြောင့် ပရိတ်သတ်‌တွေကြား ရေပန်းစား ကျော်ကြား‌နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မေလကတော့ အရင်ခေတ်သီချင်းတွေကို ပြန်လည်ဆန်းသစ် သီဆိုနေတဲ့အပြင် သီချင်း‌တွေကို လူငယ်ပီပီ ကိုယ်တိုင်ရေးသား သီဆိုသရုပ်‌ဆောင်နေတာလည်း ဖြစ်ပါတယ်။

မေလသံစဉ်က လတ်တလောမှာ ‘မ ချစ်သောမောင်’ဆိုတဲ့ သီချင်းအသစ်လေး ထွက်ရှိထားပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းတွေကို ပြန်လည်ဆန်းသစ်တတ်တဲ့ မေလက သူ့ရဲ့ TikTok ‌acc ကနေပြီး ‘ငါလည်းအိပ်ချင်ပြီ နင်လည်းအိပ်တော့လေ’ ဆိုတဲ့ သီချင်းကို ဂီတာလေးတီးကာ ဟာသနှောပြီး ချစ်စဖွယ် သီဆိုထားတာကို မျှဝေဖော်ပြလာတာပဲ ဖြစ်ပါတယ်။

မေလက အခုချိန်ထိ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော်မလေး အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ မေလရဲ့ ချစ်စဖွယ် အမူအရာလေးနဲ့ သီဆိုထားတဲ့ ဗီဒီယိုလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source-Mayla Than Sin

Credit ; CeleChitThu

Video Player

mdatenews

mdatenews