ဒီကနေ့မှာ ကြရောက်တဲ့ သူမရဲ့မွေးနေ့မှာ သူမအဖြစ်ချင်ဆုံးဆန္ဒတွေကို တောင်းဆုပြုရင်း အမှတ်တရပုံလေးတွေ တင်လိုက်တဲ့ စူးရှထက်







Credit – Yaungchi

Photo – Zar chi

စူးရှထက်ကတော့ ယောက်ျားလေးပရိ သတ်တွေကြား ဘေဘီဆိုတဲ့ နာမည်လေးနဲ့ ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ်။ မြင်သူတိုင်း စွဲမက်သွားစေမယ့် ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ စူးရှထက်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားရတာကြောင့် ကိုယ်ပိုင်လုပ်ငန်းလေးကိုပဲ ဆက်တိုက် လုပ်ကိုင်နေရပါတယ်။

ခပ်မိုက်မိုက် စတိုင်နဲ့ ပုရိသတွေ ရင်မခုန်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှု အားပြင်းတဲ့ စူးရှထက်ရဲ့ ပုံရိပ်တွေကလည်း ရင်ခုန်စရာပါပဲ ။ သူရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း မွေးနေ့မှာ သူမ အဖြစ်ချင်ဆုံး အရာလေးတွေကို ပြောပြလာပါတယ် ။

အမှတ်တရ ပုံလေးတွေနဲ့ အတူ ” Happy birthday to me .??? မွေးနေ့မှ စပြီး အဖြစ်ချင်ဆုံး ဆန္ဒဖြစ်တဲ့ မိဘကိုတင့်တောင်းတင့်တယ်ထားနိုင်တဲ့သူ ဖြစ်ချင်ပါတယ် ဤ မှန်ကန်သော စကားကြောင့် ဆန္ဒလေး အမှန်တကယ် ပြည့်ပါရစေ အရှင်ဘုရား ?” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေး လိုက်ပါတယ် ။

Credit – Yaungchimdatenews

mdatenews