Media Update News

News Media Website

Cele

အဖေနဲ့ အစ်ကိုဖြစ်သူဗျိုက်တို့ကို သတိရလွမ်းဆွတ်နေတဲ့ သရုပ်ဆောင်ညီနန္ဒ

 

သရုပ်ဆောင်ညီနန္ဒကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ညီနန္ဒက သူတတ်နိုင်သလောက်အင်အားတွေနဲ့ ပြည်သူတွေကိုကူညီပေးခဲ့ပြီး လက်ရှိကိုဗစ်တတိယလှိုင်းကာလမှာတော့

 

 

ဖခင်ဖြစ်သူကို ပူပူနွေးနွေးဆုံးရှုံးထားရတာဖြစ်ပါတယ်။ညီနန္ဒရဲ့ဖခင်က ဇူလိုင်လ (၂၉) ရက်နေ့၊ည(၇:၃၁) မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ညီနန္ဒရဲ့ ဆုံးရှုံးမှုကိုလည်း ပြည်သူတွေကကိုယ်ချင်းစာနာကြပြီးထပ်တူဝမ်းနည်းနေကြတာဖြစ်ပါတယ်။

 

 

ဩဂုတ်လ (၃)ရက်နေ့မှာတော့ ညီနန္ဒက ဖခင်ဖြစ်သူရဲ့ ရက်လည်အတွက် သူကိုယ်တိုင်ချက်ပြုတ်ထားတဲ့ထောပတ်ထမင်းနဲ့ ဆွမ်းကပ်ခဲ့တာဖြစ်ပါတယ်။ညီနန္ဒက သူ့ရဲ့အဖေအတွက် ကုသိုလ်ကောင်းမှူတွေကို တတ်နိုင်သလောက်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ညီနန္ဒရဲ့ အစ်ကိုဖြစ်သူဗျိုက်ကလည်း လွန်ခဲ့တဲ့ (၁၅)နှစ်ကျော်ကတည်းက မိသားစုကိုအစောဆုံးခွဲခွါသွားခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဗျိုက်ပါဝင်ခဲ့တဲ့ ကြော်ငြာတွေ၊ဇာတ်ကားတွေကိုကြည့်ပြီး သတိရနေကြဆဲဖြစ်ပါတယ်။

 

 

ဒီနေ့မှာတော့ ညီနန္ဒက အစ်ကိုဖြစ်သူဗျိုက်နဲ့ ဖခင်တို့က သူ့ရဲ့ဘဝထဲကနေ အစောဆုံးထွက်ခွါသွားခဲ့လို့ ဝမ်းနည်းခံစားနေတာပဲဖြစ်ပါတယ်။ဖခင်ကိုဆုံးရှုံးလိုက်ရတာကလည်း ရက်ပိုင်းပဲရှိသေးတာကြောင့် ညီနန္ဒလည်း ရင်ထဲမှာအရမ်းနာကျင်နေမှာပဲဖြစ်ပါတယ်။

 

 

ကိုယ်ချစ်ရတဲ့သွေးသားရင်းတွေကို အပြီးတိုင်ဆုံးရှုံးလိုက်ရတဲ့အခါ ဘယ်သူမဆို ပူဆွေးသောကရောက်ရတာကြောင့် ညီနန္ဒရဲ့ ခံစားချက်ကိုလည်း ကိုယ်ချင်းစာမိရင်း ဒီအကြောင်းအရာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

 

Source&Photo Credit:Nyi Nanda’s Fb Accmdatenews

mdatenews