သူမ meesemger ကို မဟုတ်က ဟုတ်က ဟာတွေ လာပြောတဲ့ သူကို သင်ခန်းစာ ကောင်းကောင်းပေးလိုက်တဲ့ အဆိုတော် ဆိုဖီယာ

ပရိသတ်ကြီးရေ ဆိုဖီယာ ကတော့  မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာပါဝင်ခဲ့ပြီး ပရိသတ်တွေ ရဲ့အားပေးချစ်ခင်မှု ကို အပြည့်အဝရရှိခဲ့တဲ့ သူပဲ ဖြစ်ပါတယ် ။

ပြိုင်ပွဲ ကြီးပြီး နောက်မှာလည်း အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အနေနဲ့ သီချင်းတွေလည်း ထွက်ရှိထား ခဲ့ပါသေး တယ် ။

လတ်တလော မှာတော့ ဆိုဖီယာက ဒူဘိုင်းကိုရောက်ရှိနေပြီး ဒူဘိုင်းမှာပဲ အလုပ်လုပ်ကိုင် ပြီး ဘဝကို ရပ်တည်နေခဲ့ပါတယ် ။

ဒီနေ့မှတော့ ဆိုဖီယာ က သူ့ရဲ့လူမှုကွန်ရက်ကနေ

သူ့ ရဲ့ Chat Box မှာ အရေးမပါတာတွေလာ ပြောပြီး အချိန်သက်သက်လာဖြုန်းနေ တဲ့သူတစ် ယောက်ကို ပညာသားပါ ပါနဲ့ ပြန်လည်ချေပခဲ့ပြီး ပရိသတ်တွေကိုလည်း သူကြုံတွေရတာတွေကို မျှဝေလာ ခဲ့ပါတယ် ။

ဆိုဖီယာက ပြန်လည် ချေပပြောဆိုထားခဲ့တာတွေ ကို screenshot လေးတွေ ရိုက်ကူး ကာ ဟာသလေးတစ်ခု အဖြစ် နဲ့ မျှဝေလာ ခဲ့တာပါ ။

ပရိသတ်ကြီးတွေရော အခုလို ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေ ကို အရေ မရ အဖက်မရ သက်သက်လာ ဖြုန်းနေတဲ့ သူတွေကိုနဲ့အခု လိုကြုံရင်  ဘယ်လို ပြန် လည်ချေပ ကြမလဲ ။mdatenews

mdatenews