မဂ်လာဦး အလှူအဖြစ် ပထမဆုံး ရခိုင်ပြည်နယ် မှ လက်လုပ် လက်စား ပြည်သူတွေကို အစာအသောက် ပစ္စည်းများ လှူ ဒါန်းခဲ့တဲ့ နေတိုး တို့ ဇနီးမောင်နှံ

ပရိသတ် တွေက လူပျိုကြီး ဖြစ်မယ်လို့ ထင်ထားတဲ့မင်းသားချောနေတိုးကတော့မကြာသေး မီက မှချစ်ရတဲ့သူနဲ့ရွှေလက်တွဲခဲ့ပြီး တရားဝင်လက်ထပ် ခဲ့တာလည်းဖြစ်ပါတယ် ။

ဒီနေ့မှာတော့သရုပ်ဆောင်နေတိုးတို့ဇနီးမောင်နှံက မင်္ဂလာဦးအလှူအဖြစ်ရခိုင်ပြည်နယ်ကစားဝတ်နေရေးကျပ်တည်းနေတဲ့လက်လုပ်လက်စားပြည်သူ ၅၅ ဦးအတွက် အခြေခံစားသောက်ကုန်များလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော် ။

ကျပ် ၁ဝ သိန်းခန့် တန်ဖိုးရှိ ဆန် ၊ ဆီ ၊ ဆား၊ ငါးခြောက်၊ ပဲ တို့အပါအဝင် အခြေခံ စားသောက်ကုန် ၁၁ မျိုးကို ၁၁ မီး ငြိမ်းစေရန်ရည်ရွယ်ပြီး လှူဒါန်းခြင်း ဖြစ်ကြောင်း အလို

တော်ပြည့်ကျောင်းတိုက် (ရန်ကုန် ) မှ အရှင်ကုမာရက နိရဥ္စရာကို မိန့်သည်။”ရခိုင်က တစ်နေ့ရမှ တစ်နေ့ဖြတ်သန်းရတဲ့လူတွေအတွက် လှူဒါန်းတာပါ ။  နေတိုးရဲ့မင်္ဂလာဦးအလှူပေါ့ ။ တပါင်းလ ပြည့်နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ ။

သူလည်း နောက်ထပ် ပွဲကြီး ပွဲကောင်း မင်္ဂလာပွဲ တွေ ဆောင်ရင်ဆောင်အုံးမှာပေါ့။ အဲ့ခါမှ ကြီးကြီးမားမား တတ်နိုင်သလောက် လှူပါလိမ့်မယ် ” ဟု ပြောသည် ။

နေတိုး၏ မင်္ဂလာဦး အလှူ စားသောက်ကုန်များကို ဘူးသီးတောင် မြို့ မြို့သစ် (၅)ရပ်ကွက်ရှိ လက်လုပ်လက်စားပြည်သူ  ၅၅ ဦးအတွက် အရှင် ကုမာရမှတဆင့်

ယနေ့ မတ်လ ၁၆ ရက် ညနေတွင် လှူဒါန်းခဲ့တာပဲဖြဟ်ပါတယ်နော်။မင်းသားကြီးနေတိုးရဲ့မင်္ဂလာဦးအလှူလေးကို ပရိတ်သတ်ကြီးလည်း သာဓုခေါ်ခဲံပါအုံးနော်….mdatenews

mdatenews