ရေမွန်နဲ့ SIR အဖွဲ့ဆိုပြီး သီချင်းတွေအတူတူဆိုခဲ့ကြတဲ့ အဆိုတော်အောင်လဟာ ရေမွန်ရဲ့လုပ်ဖော်ကိုင်ဖက် အဆိုတော်တစ်ယောက်ဖြစ်သလို ရေမွန်နဲ့ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အောင်လက ရေမွန်တို့ Idiots Band အကြောင်း ကောင်းကောင်းသိတာမို့ လက်ရှိ Idiots Band မှာဖြစ်နေတဲ့ပြဿနာတွေကြောင့် စိတ်ပူနေရပြီး ရေမွန့်ရဲ့အမေ ခင်မြတ်မွန်နဲ့ ညီမဖြစ်သူ လပြည့်ကဗျာတို့ကိုလည်း ရေမွန်နဲ့ပတ်သက်ပြီး လုပ်စားတ ာတွေရပ်ပါတော့လို့ တောင်းဆိုခဲ့ပါတယ်။
အောင်လက “Tut p ကို လုပ်စား(အသံ file လေးတွေရှိတယ်) Tut p ကို ဘယ်သူ-တ်ခဲ့လဲဆိုတာ… သူချစ်တဲ့ ကျန်ခဲ့တဲ့band ကို ချောက်ချ ခင်များတို့ မလွန်ဘူးလား..” “တော်ပြီလေဗျာ…. အန်တီနဲ့ညီမလေး လုပ်စားတာ…သွားပါစေဗျာ ပိုကောင်းတဲ့ဘဝကို… ချစ်တယ်ဆို… သူ့အိမ်မှာသူနေခဲ့တာ….အတူတူ မနေခဲ့ပါဘူး သိချင်းရေးရင် ရေးပေးလို့ရပါတယ်……Tut p ချစ်ခဲ့တဲ့ band အတွက် ဘာမှ မလုပ်ပေးခဲ့ရင်တောင်
သူ့ယုံကြည်ချက်ကို မဖျက် ပါစေနဲ့လို့ ဆုတောင်းတယ် ….ညီမလေးနဲ့ အန်တီရေ”၊ “သိန်း ၁ထောင်က မလုံလောက်သေးဘူးလား။ ကျွန်တော်တို့ အတွက် ၊သူငယ်ချင်းတွေ အတွက်တော့ မလုံလောက်ဘူး….. လောကမှာ စောက်ဆံက အရေးမကြီးဘူး။ အဲ့ဒါ ဘိုစော ကိုယ်တိုင်ပြောခဲ့တာ” ဆိုပြီး
သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာကနေတဆင့် ပြောလာပါတယ်။လက်ရှိမှာတော့ ရေမွန်ရဲ့မိခင်ဒေါ်ခင်မြတ်မွန်၊ ညီမဖြစ်သူ လပြည့်ကဗျာနဲ့ ရေမွန့်ရဲ့ ဒုတိယမိသားစုလို့ဆိုနိုင်တဲ့ Idiots Band ကြားမှာ နားလည်မှုလွဲတဲ့ပြဿနာအချို့ဖြစ်ပေါ်နေတာဖြစ်ပြီး အောင်လကလည်း ရေမွန်ချစ်တဲ့ Idiots Band နဲ့ ရပ်တည်ပြီး အမှန်တရားဆိုတဲ့စကားအချို့ကို ရင်ဖွင့်လာခဲ့ တာပဲဖြစ်ပါတယ်။
Credit ; Myanmar Celebritiesmdatenews
mdatenews