သူချစ်တဲ့ အနုပညာ တွေ တစ်သက်လုံး လက်ပြ နှုတ်ဆက်သွားပြီ ဖြစ်တဲ့ လူရွှင်တော် ဦးဖိုးဖြူရဲ့ နောက်ဆုံးမြင်ကွင်း ပုံရိပ်များ

တစ်နိုင်ငံ လုံးက ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ လူရွှင်တော် ဟာသ သရုပ်ဆောင် ဦးဖိုးဖြူ ဟာ မနေ့ က မတ်လ ( ၁၁ ) ရက်နေ့ ကပဲ ကွယ်လွန်သွား ခဲ့ ပြီဖြစ် ပါ တယ် ။

ဦးဖိုးဖြူဟာ သူ့ရဲ့ဘဝ တ စ်လျှောက်လုံးမှာ အနုပညာနဲ့ ပရိသတ်တွေကို ပေးဆပ် ခဲ့သလို အသက်အရွယ် တစ်ခုရောက်ရှိ လာချိန်မှာ လည်း B ပိုး C ပိုး ရောဂါရှင်များအတွက်လည်း အခမဲ့ကုသိုလ် ဖြစ်ဆေးခန်းဖွင့်လှစ်ပေးခဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ် ။

ဦးဖိုးဖြူ ဟာ ပြီးခဲ့တဲ့ နှစ်တွေက အသည်းရောင် စီပိုးရောဂါခံစားခဲ့ ရတာဖြစ်ပြီး သူကွယ် လွန်ချိန်မှာတော့ အဆုတ် ရောဂါနဲ့ ကွယ် လွန်တယ်လို့သိရပါတယ် ။

ဦးဖိုးဖြူ ဟာ မကွယ်လွန်ခင် အချိန်ခဏလေးမှာ ရောဂါဝေဒနာကိုအံတုခုခံ နေခဲ့တဲ့ သူ့ရဲ့နောက်ဆုံးပုံရိပ် ကိုလည်း အခုလိုမျိုး ပဲမြင် တွေ့ရ ပါတယ် ။

ဦးဖိုးဖြူ ဟာ ကွယ်လွန် သွားချိန်မှာ အသက်  ( ၆၃ ) နှစ်ရှိ နေပြီ ဖြစ် ပါ တယ် ။

ပရိသတ်တွေ ချစ်တဲ့ ဦးဖိုးဖြူတစ်ယောက် ကောင်းမွန်သော ဘုံဘဝမှာ အေးအေးချမ်းချမ်း အနားယူ နေနိုင်ပါစေ လို့ ဆုတောင်းပေး လိုက်ပါ တယ်နော်…….mdatenews

mdatenews