ရှေ့တန်းထွက်တော့မယ် ပြည့်သူ့ စစ်သား ပြည်သူ့ သရုပ်ဆောင် မင်းမော်ကွန်း

ရှေ့တန်း ထွက်ခွာတော့မယ့် မင်းမော်ကွန်းတွက် ဆုတောင်းစကားလေးတွေပေးခဲ့ ကြပါဦး ပရိသတ်အချစ်တော် မင်းမော်ကွန်းကတော့ အနုပညာ မှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်းနာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။

မင်းမော်ကွန်းကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ ရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့ တာကြောင့်ပြည်သူတွေရဲ့အချစ်တွေကို သိမ်းပိုက်ထား နိုင်သူဖြစ်ပါတယ်။

မင်းမော်ကွန်း ကတော့ မြန်မာနိုင်ငံ မှာ လက်ရှိဖြစ်ပေါ်နေ တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက် စာမျက်နှာထက် ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါ တယ် ။ အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)  ဖြင့်တရားစွဲ ဆိုခံထား ရတာ ဖြစ် ပါတယ် ။

အခြေအနေအရပ်ရပ် ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်ကနေတစ်ဆင့် တ တ်နိုင်သလောက်  speak  out လုပ်ပေးနေတာ ဖြစ်ပါ တယ် ။

ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။

မင်းမော်ကွန်းရဲ့ မိသားစု ကလည်း ဘေးကနေတောက်လျှောက်ပါရမီဖြည့်ပေးနေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက်တောထဲတောင်ထဲမှာ ကြိုးစားပါဝင်နေကြတာလည်း တွေ့ရပါတယ် ။  နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင် ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။

တော်လှန်ရေးအတွက်  အုတ်တစ်ချက် သဲတစ်ပွင့် တာဝန်ထမ်းဆောင်နေတဲ့ မင်းမော်ကွန်း ဟာလောလောဆယ်မှာ လွတ်မြောက်နယ် မြေတစ်ခုကိုရောက်ရှိနေတယ်လို့လည်း သိရှိရပြီး သူကတော့ တတ်နိုင်တဲ့ဘက်က နေပြီး အာဏာရှင်ကိုတွန်းလှန်နေတာပဲဖြစ်ပါတယ် ။ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ မင်းမော်ကွန်းဟာ

သူ့ရဲ့ အောင်မြင်မှု ၊ ကျော်ကြားမှုနဲ့ ကြွယ်ဝချမ်းသာမှုတို့ကို ခဝါချပြီး ပြည်သူတွေနဲ့  တစ်သားတည်းရပ်တည် နေသူတစ်ယောက်လို့ဆိုရင်လည်း မမှားပါဘူး ။

နာမည်ကြီးမင်းသား တစ်ယောက်ဖြစ်သလို ငွေရေးကြေးရေးမှာ လည်း သာမာန်လူတန်းစားဆိုတာထက်ပိုမိုစွာရှိတဲ့ မင်းမော်ကွန်း ဟာ လွတ်မြောက်နယ်မြေမှာတော့ အားလုံးနဲ့ တစ်သားတည်း နေပြီး ဆင်းရဲဒုက္ခများစွာကို ခံနေသူပဲဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာ လည်း မင်းမော်ကွန်းဟာ သူရောက်ရှိ နေတဲ့

တောတွင်းတစ် နေရာက စားသောက်စရာပုံကို မျှဝေပေးခဲ့ရာ ပရိသတ်တွေက မင်းမော်ကွန်း အတွက် ဂရုဏာသက်ကာ လေးစား နေကြတာပဲဖြစ်ပါ တယ် ။

မင်းမော်ကွန်းကတော့ သူ့ရဲ့ဂုဏ်ဒြပ် သူ့ရဲ့ အဆင့်အတန်းနဲ့ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်အကောင်းစားတွေမှာ စားသောက်နေရာမှ အခုလို အနေဆင်း ရဲ အစားဆင်းရဲနဲ့

လုံးဝငြီးငြူ ခြင်းမရှိပဲနေနိုင်တာ တကယ့်ကိုလေးစားစရာ ပါပဲနော်………mdatenews

mdatenews