13နှစ် နီးပါးချစ်ခဲ့ရတဲ့ ကောင်မလေး မရှိတော့ဘူးဆိုတာကို လက်ခံနိုင်အောင် ကြိုးစားရင် ချစ်သူအတွက် ကုသိုလ်ကောင်းမှုတွေ ရည်စူးပြုလုပ်ပေးခဲ့တဲ့ ညီထွဋ်ခေါင်

သရုပ်ဆောင် ညီထွဋ်ခေါင် ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေမှာ ကျရောက်ဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ် ဆောင်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။

ညီထွဋ်ခေါင်ဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ကွယ်လွန်သွား တဲ့ချစ်သူအတွက် သတိရတမ်းတရင်း ကိုယ့်စိတ် ကိုကိုယ် နှစ်သိမ့်နေရတာပဲဖြစ်ပါတယ်။

သိပ်ချစ်ရတဲ့ ချစ်သူနဲ့ ရွှေလက်တွဲပြီး အတူမနေရ ခင်မှာပဲ ချစ်သူက လူ့လောကကြီးထဲ က နှုတ်ဆက်ထွက်ခွာသွားတာမို့ ပိုလို့ ကြေကွဲနေခဲ့ ရတာပဲဖြစ် ပါတယ် ။

ဒီက နေ့မှာလည်း ညီထွဋ်ခေါင်က သူ့ရဲ့ဘဝထဲ ကနေ နှုတ်ဆက်ထွက်ခွာသွားတာ ( ၈ ) လတိတိပြည့်ခဲ့ပြီ ဖြစ်တဲ့ ချစ်သူအတွက် ရည်စူးပြီး သံဃာတော် တွေကို

ဆွမ်းကပ် ကုသိုလ်ယူခဲ့တဲ့အကြောင်း ကို “ ဒီနေ့ ၈  လပြည့်ပြီ။ တကယ်မရှိ တော့ဘူး ဆိုတာ လက်ခံနိုင်ဖို့ ကြိုးစားရင်း……………….

ရည်စူး ကုသိုလ် ပြုပါတယ် မေ… လွမ်းတယ် …” ဆိုပြီး ပြောလာခဲ့ ပါတယ်။

ညီထွဋ်ခေါင် ကတော့ သေကွဲကွဲခဲ့ ရပြီဖြစ်တဲ့ ချစ်သူကို သတိရတမ်းတရင်းနဲ့ပဲ ( ၈ ) လတိတိ ပြည့်ခဲ့ပြီဆို ပြီး ပြောလာခဲ့တာပဲဖြစ် ပါတယ် ။ ညီထွဋ်ခေါင်တို့

ချစ်သူ နှစ်ဦး ဒီဘဝ မှာ စောစော စီးစီး နှုတ်ဆက် ခဲ့ ရပေ မယ့် နောင်ဘဝဆက် တိုင်းမှာ ပေါင်းဖက် နိုင် ကြပါစေ လို့ ဆုတောင်းပေး လိုက်ပါ တယ်,,,,,,mdatenews

mdatenews