သရုပ်ဆောင်ရဲတိုက် လွတ်ငြိမ်းခွင့်အတွက် တရားခွင်အတွင်း တောင်းဆို

သရုပ်ဆောင် ရဲတိုက်က လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည် လွတ်ချင်သောကြောင့် ကျန်ရှိနေသော ၎င်းအမှု ကို အမြန်စစ်ဆေးပေး ရန် တရားခွင်အတွင်း တောင်းဆို ကြောင်း အင်းစိန်ထောင်တွင်း သတင်းရင်းမြစ်က မဇ္စျိမ ကို ယနေ့ ပြော သည်။

သရုပ်ဆောင် ရဲတိုက်ကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး၌ ယမန်နေ့ မတ်လ ၁ ရက်နေ့တွင် ရုံးထုတ် စစ်ဆေးခဲ့စဥ် ၎င်းက တရားသူကြီးထံ ယင်းသို့ လျှောက်လဲ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“မနေ့က အမှုကို မြန်မြန်စစ်ပေးဖို့ ပြောပါ တယ် ။  သူများတွေ လွတ်မယ်ဆိုတဲ့ သတင်းလည်း  သူထောင်ထဲမှာ ကြားနေမှာပေါ့ ။ အခု မူးယစ်ဆေးပုဒ်မ အတွက် လိုပြ သက်သေ သုံးယောက် ကျန်တာ တစ်ယောက်မှ မလာဘူး ။  သူ့ကို ဖမ်းစဥ်တုန်းက  ရဲတပ်ကြပ် ကြီး တစ်ယောက် ကလည်း နေပြည် တော် လုံခြုံရေး သွားနေ တယ်တဲ့

အဓိက သက်သေဖြစ်တဲ့ အမှုစစ် ရဲအရာရှိ ကလည်း မလာဘူး ။ မလာနိုင် ရင်တော့ အမှုတိုး တက်မြန် ဆန်မှု ရှိအောင် တစ်ခုခု လုပ်ရမှာပဲ  ဟု သတင်းရင်း မြစ်က ဆိုသည်

ထို့ပြင် သက်သေထွက်ဆိုမည့် စိတ်ကျန်းမာရေး  ဆရာဝန် တစ်ဦးမှာ လည်း မလာရောက် နိုင်သဖြင့် ဥပဒေ အရာရှိက သက်သေစာရင်းမှ ပယ်ချခဲ့သည် ။

ရဲတိုက်အနေဖြင့် အာဏာ သိမ်းမှုအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ( က )  ဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် သုံးနှစ် ချမှတ် ခံထားရ သည် ။

ယင်းအပြင် ရဲတိုက် ကို ဖမ်းဆီးချိန်တွင် ၎င်း၏ ပြောက်ကျား လွယ်အိတ် အတွင်း စိတ်ကြွ မူးယစ်ဆေး ဝါး ၁၁ ပြား နှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရ မိသည် ဟု ဆိုကာ

၁၆ (ဂ) ဖြင့် ထပ်မံ တရားစွဲဆို ခံထားရ ခြင်းလည်း ဖြစ်သည်….

ယင်းအပေါ် ရဲတိုက်က ၎င်း၏ ပစ္စည်းများ မဟုတ်ကြောင်း နှင့် ဖမ်းဆီး ခံရ ချိန် တွင် ပြောက်ကျား လွယ် အိတ် လွယ်ထား ခြ င်း မရှိဟု ငြင်း ဆိုထား သည် ..

ယနေ့ မတ် ၂ ရက် တောင်သူလယ်သမားနေ့၌ အများပြည်သူ မထင်မှတ်ထားသည့် အချိန်တွင် စစ်ကောင်စီက ရုပ်ရှင် သရုပ်ဆောင်အချို့ကို ခံဝန်ဖြင့် လွှတ်ပေးခဲ့သည့်အပြင် ထောင်ဒဏ် လျော့ပေါ့ ခံစားခွင့်များ ပေးခဲ့သည်။