အများပြည်သူက boycott လုပ်ထားတဲ့ myanmar plaza မှာ မွေးနေ့ပွဲကျင်းပခဲ့လို့ အဆဲခံနေရတဲ့ အပေါ် ခင်ရူပ ရှင်းပြ

မော်ဒယ်လ်ခင်ရူပ ကတော့ အလှမယ် တစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာ အနုပညာအလုပ် တွေထက် စီးပွားရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး အမျိုးသမီးတစ်ယောက်အဖြစ် ခင်ပွန်းသည်ရဲ့စီးပွားရေး လုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးနေသလို

သူမရဲ့ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများစွာကိုလည်း  ဦးစီးလုပ်ကိုင် နေတဲ့ ခင်ရူပက မိန်းကလေးတွေများစွာရဲ့ အားကျခြင်းခံရသူ တစ်ယောက်ဆိုလည်း မမှားပါဘူး။ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ ကတော့ ခင်ရူပရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။

ခင်ရူပက သူ့ရဲ့မွေးနေ့ကို မနေ့က မတ်လ 5 ရက်နေ့ကမှ ပြုလုပ်ခဲ့ပြီး မွေးနေ့အမှတ်တရဓာတ်ပုံတစ်ပုံကို သူမရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်လာခဲ့ပါတယ်။

အဆိုပါဓာတ်ပုံဟာ ပြည်သူတွေ  Boycott  လုပ်ထားတဲ့  Myanmar Plaza  အပေါ်ထပ်က ဘားမှာပြုလုပ်ခဲ့ တာကြောင့် ပရိသတ်တွေက ဝေဖန်နေကြတာ ပဲဖြစ်ပါတယ်

အခုလိုတင်ထားတဲ့ပုံတွေကို မိနစ်ပိုင်းအတွင်းမှာပဲ ပြန်လည်ဖြုတ် ချသွားခဲ့ပြီး သူမ ကိုယ်ပိုင်စာမျက်နှာ ကကနေ အခုလိုရေးသားတင်လာခဲ့ပါတယ် မရေးချင်ပေမယ့်လည်း ရေးရဦးမှာပေါ့လေ…မနေ့က ကျွန်မမွေး နေ့ surprise ကို ကိုစည်သူက Fuse မှာလုပ်ပေးတယ်ရှင် တခြားမှာ လုပ်လို့အဆင်မပြေလို့လားဆိုတော့..

အဖြေရှိပါတယ် ကိုယ့်မွေးနေ့ ကိုယ့် club မှာလုပ်ပေးချင်တဲ့ သူ့ရွေးချယ်မှုရယ် ..ပြီးတော့ မလာတာကြာလို့ မျှော်နေတဲ့ဝန်ထမ်းတွေရယ် ..လွပ်လွပ်လပ်လပ် နေရလို့ရယ်ပါ..ဆိုတော့ ကျမ ပုံတင်လိုက်တယ်.. BG မှာ MM PLAZA ဆိုတော့ ရှဲကြ ဆဲကြပေါ့နော်..လက်ခံပါတယ် ..

ဘာလို့လည်း ဆိုတော့ ကျမကိုယ်တိုင် တောင် ဒီကိစ္စထဖြစ်တုန်းက  post  share  ပြီး ရှုတ်ချခဲ့သူပါ  B C ကြတယ် B C ပါ

ဒါမယ့် ဒီကိစ္စမှာ ကျမတို့  club Bar က ဝန်ထမ်းခလေးတွေ ကျူးလွန်ခဲ့တာမှမဟုတ်ဘဲလားရှင်..အဲ့ကိစ္စတွေကြောင့် ရက်ရှည်ဆိုင်တွေပိတ်ရတယ် ပိတ်တော့လည်း အစအဆုံး ထိခိုက်တာ ဒီဝန်ထမ်းတွေပါဘဲ “ဘုမသိဘမသိ” မြေစာပင်လေးတွေကိုဖြစ်လို့.. ပိတ်တော့လည်း ပြန်ဖွင့်ရပါမယ်ဆိုလို့ ဖွင့်ရတယ်

ဆိုတော့ cott  ကြပါ မလာ ကြ ပါနဲ့ ပိတ်လိုက်ရရင် တောင် ကျမတို့ ဘာမှမဖြစ်ပါရှင် လင်မယား၂ယောက် လုံး ရဲ့ ဆန္ဒပါ ဆုံးရှုံးခံနိုင်ပါတယ် တခြားစီးပွားရေးမှာ ပိုကြိုးစားမှာပေါ့ရှင် ဘယ်လောက်ရင်းနှီးမြှုပ်နှံခံ ရလည်း ဘယ်လောက်  share ပါထားလည်း ကိုယ်သာအသိဆုံးပါ  fb ပေါ်မှာသာ ဘာမှ မတင်ထားမကြွယ် ထားပေမယ့် သူဘယ်လောက် ထိ share ပါ လည်း ကိုယ်သာ အသိဆုံးပါ

ငွေမဝင်တော့တာလည်းကြာလှပေါ့ဆိုတော့ ကိုယ့် မွေးနေ့ ကိုယ့် club ကို ကိုယ်အားပေးတယ် ဝန်ထမ်းတွေမုန့်ဖိုးပေးတယ် support တယ်ဒီလောက်ပါ ဘဲရှင်ဆိုတော့ Mm plaza ကို bc တာလား Fuse,After8,Blow ကို bc တာလား ကွဲပြားစွာ bc နိုင်ပါတယ်..နှစ်ချီရင်းနှီးပြင်ဆင်ဖွင့်ထားခဲ့ရပြီး ပိတ်ပစ်ဖို့ ပြောင်းပြေးဖို့ဆိုတာ counter လေးတစ်ခု box လေးတစ်ခုနဲ့ဖွင့်ထားတဲ့ဆိုင်လည်းမဟုတ်ဘူးရှင်.

.ပြီးတော့ မှီခိုနေတဲ့ဝန်ထမ်းတွေလည်း တစ်ပုံတစ်ပင်..အရာရာအခက်အခဲတွေနဲ့ပါဆိုတော့ BC ပါ မလာကြပါနဲ့ ပိတ်သွားရရင်ကို အကြိုက်ဆုံးပါ ရှင်…. လူမှန်ရင် အလုပ်မရှားဘူးရှင် ကျမတို့လည်း သမာအာဇီဝနဲ့ ကိုယ်ပိုင်အလုပ်နဲ့ ရိုးသားစွာရပ်တည်နေတာပါ..ပုံပြန်ဖျက်လိုက်တယ်ဆိုတာလည်း ကြောက်လို့မဟုတ်ပါ..

မွေးနေ့ပွဲမှာ မန့်တွေ ဖတ်ပြီး ရူပ စိတ်ညစ်လို့ ကိုစည်သူက ဖုန်းယူပြီး ကိုဖျက်လိုက်တာပါ.. အပူ နဲ့ အကုသိုလ် တွေ  တစ်ပြန်စီရေး ..feel နေဖို့ကို မလိုတော့ဘူးထင်လို့ပါတဲ့..

သူက လုံးဝ neglect သမားပါ  ကိုယ်သာလောင် တတ်တာ  ဒါမယ့်တချို့က ရီရတယ်  BC ကိစ္ စ ထက် ရူပကိုကြည့် မရမုန်းတီး  PA တာကြီး တွေက ဝန်မခံလည်း အထင်းသားကိုဖြစ်နေတော့ ကိုယ်လည်း  မတတ်နိုင်ဘူးရှင်   ဆိုတော့ မုန်းစေ သတည်း မင်းတို့လးတွေ မုန်းတော့ လည်း အမဘဝ ဘာမှ မဖြစ်သွားပါ

နေ့တိုင်းမေတ္တာပို့မပျက်ပါ ဆိုတော့  ထပ်မရှင်းပါ”ခင်ရူပဟာ  Myanmar  Plaza ကုန်တိုက် လေးလွှာက Fuse နိုက် ကလပ်ရဲ့ အစုရှယ်ယာဝင်ထားသူ တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ 25 ရက်နေ့ဖြစ်စဉ် မှာလည်း ခင်ရူပက  Myanmar  Plaza ကို ရှုံ့ချကြောင်း ပြောဆိုခဲ့ သူဖြစ်ပါတယ်။mdatenews

mdatenews