ပိုင်တံခွန် အတွက် ဂရုတစိုက် လက်ဆောင်ပေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်

နိုင်ငံကျော် သရုပ် ဆောင်နှစ်ဦး ဖြစ်တဲ့ ပိုင်တံခွန် နဲ့ ဝတ်မှုံရွှေရည်က အနုပညာ လောကမှာ အောင်မြင်မှုတွေ များစွာနဲ့ ကိုယ်စီ ရပ်တည် နေတာ ဖြစ်ပါတယ်…

ပိုင်တံခွန် ကလည်း ထိုင်းနိုင်ငံ က ပရိသတ်တွေကြား မှာ တော်တော် လေး ရေပန်းစားအောင်မြင်နေ သလို ဝတ်မှုံရွှေရည်ကလည် နိုင်ငံတကာ နဲ့ ရင်ဘောင်တန်း ပြီး

အနုပညာလုပ်ငန်းတွေ ကို လုပ်ကိုင်နေတာ ဖြစ်ပါ တယ် ။ ပိုင်တံခွန် နဲ့ ဝတ်မှုံရွှေရည်တို့ က  ‘အိပ်မက်မြစ်’  ရုပ်ရှင်ဇာတ်ကားကြီးမှာ လည်း အတူတူရိုက်ကူးခဲ့ဖူး သလို အခြား သော အနုပညာ လှုပ်ရှားမှုတွေများစွာ ကိုလည်း လုပ်ကိုင်ခဲ့ဖူးတဲ့ အနုပညာ မောင် နှမ တွေပဲ ဖြစ်ပါတယ် ။

အနုပညာညီအစ်ကို မောင်နှမတွေ ပီပီ တစ်ယောက်နဲ့ တစ်ယောက် ကောင်းသည် ဆိုးသည် ကို အမြဲတမ်း ဝေမျှခံစား တတ်  သလို ဒီတစ်ခေါက်မှာ လည်း ဝတ်မှုံရွှေရည် က အချုပ်အနှောင်က လွတ်မြောက် လာတဲ့ ပိုင်တံခွန်အတွက် ပန်းစည်းလက်ဆောင် တွေပို့ပေးခဲ့တယ်လို့ သိရပါတယ် ။  ထိုအကြောင်းကို ပိုင်တံခွန်ရဲ့ အစ်မ မေချစ်သွေးက

သူမရဲ့ ဖေ့စ်ဘုတ် story ကနေ ကျေးဇူးတင် ရင်း မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့မောင်အရင်းလေးလို ချစ်ရတဲ့ ပိုင်တံခွန်တစ်ယောက် ပြန်လည်လွတ်မြောက်လာတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းသာနေတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း ပိုင်တံခွန်နဲ့ဝတ်မှုံရွှေရည်တို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့် အားပေးပေးကြပါဦးနော်။mdatenews

mdatenews