လက်ထပ် ပြီးခါစ ချစ်စနီးလေးနဲ့.သန်လျင်မှာ အပန်းဖြေ ရင်း သူတို့စီးပွားရေး အသစ် လုပ်ငန်း အသစ်လေးကို မိတ်ဆက်လိုက်တဲ့ ဝေဠုကျော်

ပရိသတ် အချစ်တော် မင်းသားကြီး ဝေဠုကျော် ကတော့ တစ်ခေတ် တစ်ချိန်ကတည်းက အနုပညာလောကမှာ ဗီဒီယိုရော ရုပ်ရှင်ဘက်မှာပါ အောင်မြင်ခဲ့ သူဖြစ်ပါတယ်။

ဝေဠုကျော် က သဘာဝကျပီ ပြင်လွန်း တဲ့ သရုပ်ဆောင်ချက် တွေနဲ့ အတူ ဇာတ်ရုပ်တိုင်း ကို အသက်ဝင်လာ အောင် ဖန်တီးနိုင်စွမ်းရှိ သူလည်း ဖြစ် ပါတယ်…

လက်ရှိမှာတော့ ဝေဠုကျော် က အနုပညာအလုပ်တွေနဲ့ဝေးကွာ ခဲ့တာ အချိန် အတော်ကြာ ရှိနေပြီ ဖြစ်ပြီး ပရဟိတလုပ်ငန်းတွေ ကိုသာ ဦးစားပေး လုပ်ကိုင် နေတာ ဖြစ်ပါတယ်။

ဝေဠုကျော်က “ဝေဠုကျော် ဖောင်ဒေးရှင်း” ကိုတည်ထောင်ထားပြီး အများကောင်းကျိုးသယ်ပိုးတဲ့ ပရဟိအလုပ် တွေကို သူကိုယ်တိုင်ဦးစီး လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ပရိသတ်တွေကလည်း ဝေဠုကျော်ကို အခုချိန်အထိတိုင်အောင် အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။

မကြာသေးမီက မင်းသားဝေဠုကျော်က သူ့ရဲ့လူမှုကွန်ယက်  စာမျက်နှာ ထက်မှာ ချစ်ရတဲ့သူလေးနဲ့ လက်ထပ်လိုက် ပြီဆိုတဲ့ အကြောင်းကို ပရိတ်သတ်ကြီးအား ရုတ်တရက်

အသိပေး လာခဲ့တာပဲဖြစ်ပါတယ် ။ မင်္ဂလာပွဲကိုလည်း ရင်းနှီးချစ်ခင်ရသူတွေနဲ့သာ ကျင်းပခဲ့ပြီး ငယ်ရွယ်ချော မော တဲ့ ချစ်သူလေးရထားတာ ကြောင့်လည်း ပရိသတ်တွေရဲ့ ပိုမိုစိတ်ဝင်စားမှုကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း မင်းသားဝေဠုကျော်က လက်ထပ် ပြီးကာ စ ပူပူ နွေးနွေး ချစ်ဇနီးလေး နဲ့ သူရဲ့ သန်လျင်မှာရှိတဲ့ ဝေဠုကျော်ရုပ်ရှင်

ခြံမှာ အချိန်အတူကုန်ဆုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းအတွက် ဘာတွေလုပ်နေတယ်ဆိုတာ ပရိသတ်ကြိးကို အသိပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

“ဝါး”ကိုတွယ်တာ “ဝါး” ကိုမြတ် နိုး  “ဝါး”ကိုတန်ဖိုးထား  ‘ဝါး ‘ ကို ချစ်တဲ့သူတွေအတွက် ‘ ဝါးကို ပိုးမထိုးအောင် နှစ်ပေါင်း ဆယ်ချီ အသုံးပြုခံအောင် ဆေးနှင့် ပြုတ်ထားပေါင်းထားတဲ့ ဝါးမျိုးစုံ ဆိုက်စုံကို လိုသလောက်ရောင်းချ‌ပေးနေသည့်အပြင် ဝါးလက်မှု့ပညာ၊ ဝါးအသုံးဆောင်၊ ဝါးပရိဘောဂ နှင့် ဝါးအဆောက်ဦးများကိုပါ ထုတ်လုပ်ခြင်း

လိုက်လံ ဆောက်လုပ်ပေးခြင်းများ ကို တာဝန်ယူလုပ်ဆောင်ပေးနေပါ တယ်ခင်ဗျာ ဝေဠုကျော် ရုပ်ရှင်ခြံ သံလျင်မြို့ အောင်ချမ်းသာ ရပ်ကွက် အကျော် 18 ကုန်း ကားမှတ်တိုင်အနီး သဲဖြူ ချောင်းကျေးရွာ ဒီနေ့မှာလည်း မင်းသား ဝေဠုကျော်က လက်ထပ် ပြီးကာစ  ပူပူနွေးနွေးချစ်ဇနီးလေးနဲ့  သူရဲ့ သန်လျင်မှာရှိတဲ့  ဝေဠုကျော်ရုပ်ရှင်ခြံမှာ

အချိန်အတူ ကုန်ဆုံးခဲ့ပြီး စီးပွားရေး လုပ်ငန်း အတွက် ဘာတွေလုပ်နေတယ် ဆိုတာ ပရိသတ်ကြိး ကို အသိပေးလာတာဖြစ် လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်mdatenews

mdatenews