ဆုံးပါးသွားတဲ့ ထိုင်မင်းသမီးလေးလို သူ့နားမှာ ယုတ်မာနေတဲ့သူတွေ နဲ့ တွေ့ဆုံးဖူးကြောင်းပြောပြလာတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေနှစ်ပေါင်းများစွာကြိုက်နှစ်သက်အားပေးရတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်က ရုပ်ရည်မှာလည်း

ပြောစရာမလိုအောင် ပြီးပြည့်စုံသလို စိတ်ထားလေးကလည်း ပွင့်လင်းလွန်းတာမို့ ပရိသတ်တွေက ချစ်ပြီးရင်းချစ်နေရတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

အောင်မြင်တဲ့သရုပ်ဆောင်မင်းသမီးတစ်ယောက်ပီပီ လူပေါင်းများစွာနဲ့ တွေ့ဆုံကြုံတွေ့နေရတဲ့ သင်ဇာဝင့်ကျော်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ထိုင်းမင်းသမီး Tangmo ရဲ့

အဖြစ်ကိုကြည့်ပြီး သံဝေဂရကြောင်း အခုလိုပဲခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။

“လူတွေကိုယုံကြည်လို့မရဘူးဆိုတာ မင်းသမီး Tangmo ရဲ့ အဖြစ်ကသက်သေပြသွားတာပဲ။ သူကသူများအပေါ် စိတ်ကောင်းထားပေးတာတောင်

အဲ့စေတနာကိုအသိအမှတ်မပြုပဲ လုပ်ရက်ကြတာ

မိန်းကလေးအချင်းချင်း J အကြီးစား မနာလိုမှုဆိုတာတော်တော် ကြောက် ဖို့ကောင်း ပါလား မင်း သမီး က သူ့ manager  ဆိုပေမဲ့ သူငယ်ချင်း  ပေါင်း ပေါင်း တာ တောင်

လူမဆန်တဲ့လုပ်ရပ်ကိုလုပ်ရက်တယ်နော်  လူစိတ်ရှိတဲ့ သူဆို သူများဒုက္ခရောက်နေတာတောင်ကယ်ရမှာ ကူညီရမှာ ခုဟာက မနာလိုစိတ်ကြောင့်  ကျေးဇူးရှင်ကိုသေတွင်းပို့တာ ဝဋ်ဆိုတာကတော့လည်မှာပါ။ ဘာပဲဖြစ်ဖြစ်မင်းသမီးအတွက်စိတ်မကောင်းဘူး။

ခုတွေ့ကြုံနေရတဲ့လူတွေထဲမှာလဲဒီလိုပါပဲ ကိုယ်ကအကောင်းတွေပေးတာတောင် ကိုယ့်စေတနာကို အသိအမှတ်မပြုချင်တဲ့သူတွေ ကျေးဇူးမတင်ချင်တဲ့သူတွေရှိတယ်။

ကိုယ့်ရှေ့မှာတော့ချိုပြီး  အတွင်းပုတ်နေတဲ့သူတွေ သူတို့ကို ကိုကဟန်မပျက်ဆက်ဆံနေပေမဲ့  သူတို့ဖြစ်နေတာကို ကိုယ်ကမသိလို့တော့မဟုတ်ဘူး။ လူတယောက်နဲ့ပေါင်းကြည့်လိုက်တာနဲ့ သူကဘာလဲဆိုတာကိုယ့်စိတ်ကအလိုလိုသိနေတာမျိုး ”

“တခါတခါအဲ့လိုလူတွေနဲ့ဆက်ဆံရတာလဲတကယ်ပင်ပန်းပါတယ် ငါကောင်းရက်နဲ့ ငါ့အပေါ်ဘာလို့ မေတ္တာ ဂရုဏာ မုဒိတာမထားနိုင်ကြတာလဲ လို့ တခါတလေတော့လဲ ဝမ်းနည်းမိတယ် ။ ခု တော့ no ပါ သူတို့ရဲ့ အကုသိုလ်စိတ်ဖြစ်နေတာကိုလိုက်ခံစားမနေတော့ဘူး။

သူတို့ဟာသူတို့ပူလောင်ကြပါစေ ကိုယ်ကကောင်းကောင်းဆက်ဆံပေးထားတာပဲ။ တခုခုဖြစ်သွားလဲ  နောင်တမရှိဘူး ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။ ဒါပေမဲ့ စေတနာရောင်ပြန်ဟပ်ဆိုသလို အဲ့လိုလူတွေကလဲကိုယ့်အနားမှာကြာကြာမနေနိုင်ပါဘူး အချိန်တန်ရင်သူ့အလိုလိုအဝေးရောက်သွားတာပါပဲ။

ကိုယ်ပေးတဲ့စေတနာတွေနဲ့မှမတန်တာ အဲ့ဒီတော့သွားပေါ့ ။ အဲ့လိုလူ ၁၀ ယောက်ရှိတာထက် ကောင်းတဲ့သူ ၁ ယောက်ကိုပဲပိုလိုချင်မိတယ် ။ ခုကိုယ်ကလွဲရင် ခေါင်းတောင်မယုံချင်တော့ပါဘူး။ မိဘကလွဲလို့ ယုံကြည်လို့ရပါတယ်ဆိုတဲ့သူတွေကိုတောင်ပိုလို့တောင်မယုံချင်တော့ ”

‘တွေ့ချိုတွေ လုပ်ချိုတွေ လဲမလိုချင်ဘူး အခက်အခဲဖြစ်မှလာရှာတဲ့သူမျိုးလဲမလိုချင်ဘူး ။ အော်ဒါပေမဲ့ လည်းကိုယ်ချင်းစာတရားတွေတဖြည်းဖြည်းနည်းပါး လိုချင်ရမက်တွေပြည့်ပြီး အတ္တမာန် မာနတွေ ဖုံးလွှမ်းနေတဲ့ လူ့ငရဲပြည် ကြီးထဲမှာဆက်ပြီးအသက်ရှင်ရဦးမှာပဲ ။ မရှင်ချင်လို့လဲမရ ကိုယ့်ကိုအားကိုးနေရတဲ့သူတွေလဲရှိသေးတာကိုး

ဒါပေမဲ့ အသက်ရှင်မဲ့နေ့ရက်တိုင်းမှာကိုယ့်ကြောင့် သူတပါး ဒုက္ခမရောက်အောင် သူများအတွက်ကိုယ်ဟာ လူပိုတယောက်မဖြစ်အောင် ဝန်ထုတ်ဝန်ပိုးမဖြစ်ရအောင်

နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့စကားပဲပြောမိအောင် အကျိုးရှိတဲ့အလုပ်ပဲ လုပ်မိအောင် ကိုယ်ချင်းစာတရားရှေ့ထားပြီး ကြိုးစားနေထိုင်ပါ့မယ်။ ခံစားချက်တွေရေးလိုက်တာ စာနဲနဲရှည်သွားတယ် Sorry နော် ☺️ ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။mdatenews

mdatenews