အနုပညာရှင်တော်တော်များ လွတ်လာပင်မဲ့ အဆိုတော် ဖိုးခွား မလွတ်သေးပါ

အဆိုတော် စောဖိုးခွား ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းစဉ် ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူနဲ့အတူဖမ်းဆီးခံထားရတဲ့

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၊ မောင်သာချို ၊ ဦးထင်လင်းဦး ၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ပိုပို အစရှိတဲ့ ဖမ်းဆီးခံ အနုပညာရှင်များ

လည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါဘူး ပုဒ်မ ၅၀၅ – က ဖြင့် ပြစ်ဒဏ်ကျခံနေရတဲ့  အနုပညာရှင်တွေကို လွတ်ငြိမ်းခွင့်နှင့် ပြန်လွှတ်ပေးခဲ့ပေမယ့်

လွတ်လာသူများတွင် မပါဝင်သေးတဲ့ အဆိုတော် စောဖိုးခွါး ကိုလည်း မိသားစု  နဲ့အတူ ပရိသတ်တွေကလဲ ပြန်လွတ်လာ စေချင်နေကြပါတယ်။

အဆိုတော် စောဖိုးခွား ကို ပြန်လည်လွတ်မြောက်စေချင်နေတဲ့ အထဲမှာ သူ့ရဲ့အငယ်ဆုံးသားလေး တစ်ဦးလဲ အပါအဝင် ဖြစ်ပါတယ် ။ ဖခင်ဖြစ်သူရဲ့မျက်နှာကို မမြင်ရတာ

တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်တာကြောင့် အမြန်လွတ်မြောက်စေ ချင်တဲ့အကြောင်းကို “တမနက်လုံး လွတ်မြောက်စာရင်းထဲ အဖေ့ ပုံလေးများ တွေ့ရမလားဆိုပြီး ရှာနေတာ။

မပါတာ သေချာ သွားတော့ ဘယ်သူ့ကို စိတ်တိုရမှန်းမသိ ၊ စိတ်တွေလည်းညစ် ၊

စကားမပြောရတာ တနှစ်ကျော်ပြီ။ မျက်နှာ မတွေ့ရတာ လည်း တနှစ်ကျော်ပြီ။ အမြဲ အနုပညာခရီးတွေကြောင့် ခဏတာ ခွဲခွါခြင်းတွေ အများကြီးရှိခဲ့ ပေမယ့်

ဒီတခုကျ ခံစားမှု မတူဘူး  လို့ သားငယ် လေး ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ် မှာ ရေးသား ထားတာကို စိတ်မကောင်းစွာ တွေ့ရပါတယ် ။ ငြိမ်းချမ်းရေး တေးသီချင်းတွေကို

သီဆိုတဲ့ အဆိုတော် စောဖိုးခွားနဲ့အတူ မတရား ဖမ်းဆီး ခံ ထားရသူများ လဲ အမြန်ဆုံးပြန် လည်လွတ်မြောက် ပြီး မိသားစု များပေါင်းစည်း နိုင်ကြ ပါစေ …mdatenews

mdatenews