ဖခင်ကြီး ကွယ်လွန်တာ 1နှစ်ပြည့် အနေနဲ့ သူမတန်ဖိုးထားတဲ့ ဆံပင်အရှည်ကြီးကို ဖြတ်ပြီး ရွှေဆံပင်တံတားလမ်း အလှူ ကို လှူဒါန်းခဲ့တဲ့ အေးချမ်းမို့

ပရိသတ်ကြီးရေ အေးချမ်းမိုး ကတော့ ပရိသတ်တွေ ရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့  ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ် အေးချမ်းမိုး ကတော့ မနေ့ကသူ့ရဲ့ဖခင်ကြီး

ကွယ်လွန်ခြင်း  (၁) နှစ်ပြည့် အတွက် ဆွမ်းကပ် အလှူလေးပြုလုပ်ခဲ့ပြီး မြတ်နိုး ရတဲ့ ဆံပင်ကိုလည်း ဖြတ်လှူဒါန်းခဲ့တဲ့ အလှူလေး ပြုလုပ်ခဲ့ ကြောင်း သူ့ရဲ့လူမှုကွန်ရက်

စာမျက်နှာ ကနေ မျှဝေဖော်ပြလာခဲ့ ပါတယ်….

“ဒီနေ့က ချမ်းမိုးတို့ မိသားစုကနေ ဖေကြီး ရာသက်ပန် ထွက်ခွာသွားတာ ၁နှစ် ပြည့် တဲ့ နေ့ပါ မနက်ပိုင်း ဘုန်းဘုန်းတွေ ပင့်ပြီး အရုဏ်ဆွမ်းကပ် အလှူလုပ်ခဲ့ပြီး

ညနေပိုင်းမှာတော့ ပိုပြီး အမှတ်တရ ဖြစ်စေချင်လို့ ချမ်းမိုးရဲ့  ဆံပင်ကို ရွှေဆံပင်တံတားလမ်းအလှူမှာ သွားရောက်လှူဒါန်း ဖြစ်ခဲ့ပါတယ် ဆံပင်လှူတာ မနှမြောပေမယ့်

ဟိုအရင်က တင်ပါးဖုံးတဲ့ ဆံပင်အရှည် သာဆို တော်တော် ရှည်ရှည် လှူဖြစ်မှာကိုတော့ တွေးမိသား…

ကြားထဲ ဆံသား ပျက်စီးလို့ ၃ ၄ခါလောက် ဖြတ်လိုက်ရတော့ ခါးထိ ဆံပင်လောက် ပဲ ကျန်တော့တာမို့လေ…

ဘာပဲဖြစ်ဖြစ် အခုလို လှူဖြစ်တာကိုပဲ ကြည်နူးခဲ့ ရပါတယ်

ဆိုပြီး မွန်မြတ် လှတဲ့ အလှူလေးကိုပြုလုပ်နိုင်ခဲ့တာကြောင့်  ကြည်နူးပီတိဖြစ်နေခဲ့ကြောင်း ကုသိုလ်လေးတွေကို မျှဝေထားခဲ့ တာပဲဖြစ် ပါတယ် ပရိသတ် ကြီးရေmdatenews

mdatenews