

အနုပညာလောကမှာ နှစ်ပေါင်းများစွ ာတိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ ညီနန္ဒကတော့ (၅၀၅ -က )နဲ့ အမှုဖွင့် အရေးယူခံထားရတာကြောင့် မိသားစုနဲ့ ခွဲခွ ာနေနေရတာလည်းဖြစ်ပါတယ်။


မကြာခင်ရက်ပိုင်းက ဖခင်ဖြစ်သူ ကိုဗစ်ကူးစက်ခံထားရကာ အတော်လေး ရောဂါဝေဒနာ ခံစားပြီး ကွယ်လွန်သွားတာကိုလည်း တွေ့ရပါတယ် ။ ဒီနေ့ကတော့ ဖခင်ဖြစ်သူရဲ့ ရက်လည်နေ့ဖြစ်တယ်လို့လည်း သိရပါတယ် ။ဖခင် ရက်လည်နေ့မှာ ထောပတ် ထမင်း များကို လှူဒါန်းခဲ့တယ်လို့ သူရဲ့အကောင့်လေးမှာရေးသားဖော်ပြထားပါတယ်။


အလှူနဲ့ ပတ်သက်ပြီးလည်း ” ဒီနေ့ အဖေ့ရက်လည်အလှူအတွက် အဖေအရမ် းကြိုက်တဲ့ “ကိုနန္ဒ ထောပတ်ထမင်း” ရဲ့ မျိုးဆက် “စနိုးဦး ထောပတ်ထမင်း” ပွဲ ၂၅၀ ကို ဘုန်းကြီးကျောင်းနေ့ဆွမ်း, အဖေ့မိတ်ဆွေအိမ်များ, အဖေအမောဖောက်နေချိန် မှာ စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန်များ, ကိုဝေဠုကျော် ဖောင်ဒေးရှင်း


ဒီရက်ပိုင်း စိတ်ရောကိုယ်ပါပင်ပန်းနေကြတဲ့ ပရဟိတအဖွဲ့များ, အဖေ့ခန္ဓာကိုယ် မီးသဂြိုလ်ခဲ့တဲ့ ကြည်စု သုသာန် မှ ပရဟိတဝန်ထမ်းများသို့ ပေးပို့လှူဒါန်းခဲ့ပါတယ်သားတို့ပြုသမျှကုသိုလ်တွေကို ထပ်တူရပြီး ငြိမ်းချမ်းစွာအနားယူပါ အဖေ ” ရေးသာစဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit ; Cele Zonemdatenews
mdatenews