ဇာတ်ကားအသစ်တွေ မရိုက်တော့ဘူးလားမေးနေတဲ့ ပရိတ်သတ်တွေအပေါ် ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ မေကဗျာ

ညိုစိမ့်စိမ့် အသားအရည်လေး နဲ့ မြန်မာ ဆန်ဆန် လှပသူလေး မေကဗျာ ကတော့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေး နဲ့ ပရိသတ်တွေရဲ့

အသည်းနှလုံးကို သိမ်းပိုက်ထား နိုင် သူပါ။ အခုဆိုရင် အသက် လေးဆယ်နီးပါး အရွယ်ကို ချဉ်းကပ်နေပြီ ဖြစ်တဲ့ မေကဗျာ က လူငယ်တွေနဲ့ ယှဉ်နိုင်အောင် အရမ်းနုပျိုပြီ

း ခေတ်ဆန်သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်ပီပီ ပရိသတ်တွေရဲ့ အမြဲတမ်းအားပေးမှု ကို အမြဲရရှိနေတဲ့

မေကဗျာဟာ ဒီကနေ့မှာတော့ သူမကို ဇာတ်ကားတွေမရိုက်တော့ဘူးလားလို့ မေးနေကြတဲ့ပရိသတ်တွေအတွက် အသိပေးစကား တစ်ခွန်းပြောလာပါတယ်။

မေကဗျာ က ကဗျာ့ကို လာအပ်  Vedio vlog  လေးတွေဆိုသေချာရိုက်ရမှကျေနပ်တဲ့ကျမ ရတာနည်းနည်းအိပ်စိုက်တာများများပါ။ အနပညာလောကထဲရောက်ထဲက

ဘာလုပ်လုပ် အမြဲအိမ်ကစိုက်ပေးရတယ် ထုတ်ပေး ရတယ် အခုလည်း အကောင်း ကြိုက်တာရယ် ကို့လုပ်ငန်းရှင် ကို့ coustmer  တွေကို အမြဲအကောင်းဆုံးတွေပဲ

ပေးချင်တော့  စိုက်ရတုန်း ပဲပေါ့ ဒါပေမဲ့ကျေနပ်ပါ တယ် အစစစီစဉ်ပေးတဲ့ ဦးဆွေ ရဲရဲ မဇာ ကျေးဇူးပါ …..ကဗျာ့ကို ကားမရိုက်တော့ဘူးမေးနေ ကြတဲ့သူတွေအတွက်

ကဗျာ ကားရိုက်ဖို့  အသက်အရွယ်တခုရောက်လာတော့ မရိုက်ဖို့ တော်တော်များများ သေချာနေပါပြီ ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

မေကဗျာကတော့  အသက်အရွယ်တစ်ခုကို ရောက်ရှိလာတာမို့ အရင်လိုဇာတ်ကားတွေ မရိုက်ဖြစ်တော့ပေမယ့် ကြော်ငြာနဲ့  အခြားသောအနုပညာ လှုပ်ရှားမှုတွေကို

ဆက်လက် လုပ်ကိုင်သွားဦးမှာပဲ ဖြစ်ပါတယ် ။ ပရိသတ်ကြီးကလည်း  မေကဗျာကို အရင်အတိုင်း  အချစ်မလျော့ပဲ ဆက်လက် အားပေး ကြပါ ဦးနော်…mdatenews

mdatenews