အနုပညာအလုပ်တွေမှာတင် အောင်မြင်မှုတွေရရှိထားရုံတင်မကပဲ ပညာရေးမှာလည်းထူးချွန်ဆုတွေများစွာရရှိခဲ့တဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်

 

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင် ပြည့်ပြည့်ကိုတော့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်ပါတယ်။ ပြည့်ပြည့်ဟာ ထိုင်းဒါရိုက်တာရိုက်ကူးတဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားမှာ စရိုက်နှစ်မျိုးကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပြီး Asean Academy Creative Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ ပါရမီရှင်သမီးငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။

 

 

အနုပညာနဲ့ ပတ်သက်လာရင်လည်းထူးချွန်သလို ကျောင်းစာမှာလည်း မလစ်ဟင်းတဲ့ ပြည့်ပြည့်ဟာ ယခုတစ်ခေါက်မှာလည်း ပညာရည်ထူးချွန်ဆုရရှိခဲ့ပြီး “သမီးမူကြို မှစ၍ Grade 4 အထိ သင်ကြားပေးခဲ့ကြသော ဆရာ ဆရာမများ အားလုံးကို ကန်တော့ပါတယ် 🙏🙏🙏 ဆုလာယူဖို့ ဖုန်းဆက်ပေးတဲ့ သမီးရဲ့အတန်းပိုင်ဆရာမ ဒေါ်ခင်မျိုးသက် ကို ကျေးဇူးတင်ပါတယ် ဆုကို ပို့ပေးတဲ့ မမ အေးဆောင်း ကိုလည်း ကျေးဇူးတင်ပါတယ်။

 

 

၄တန်းတစ်နှစ်လုံး ကျောင်းပို့ကျောင်းကြို ထမင်းစားချိန်တိုင်း မပျက်မကွက် ဂရုစိုက်ပေးတဲ့ ချစ်ရသော ကြီးကြီးငယ် ကိုလည်းကျေးဇူးတင်ပါတယ် အားလုံးကို သတိရနေပါတယ် ချစ်တယ်နော်😍😍😍” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

 

 

ပြည့်ပြည့်ကတော့ အနုပညာနဲ့ ပတ်သက်လာရင် အာရှရဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသလို ပညာရေးနဲ့ ပတ်သက်လာရင်လည်း ငယ်စဉ်ကတည်းက ဆုတွေခဏခဏရရှိသလို ယခု Grade 4 မှာ A အဆင့်ရရှိတဲ့အထိ ထူးချွန်တာ ပရိသတ်ကြီးမျက်မြင်ကိုယ်တွေ့ပါပဲနော်။

 

 

Credit ; Myanmar Celebritiesmdatenews

mdatenews