ဂြိုလ်တုစလောင်းတပ်ပြီးရုပ်သံကြည့်ရင်ထောင်တနှစ်နဲ့ငွေဒါဏ်ချမယ်လို့စစ်ကောင်စီကြေငြာချက်ထုတ်ပြန်





ယူနီကုတ်​ဖြင့်​ဖတ်​ရန်
ဂြိုလ်တုစလောင်းတပ်ပြီးရုပ်သံကြည့်ရင်ထောင်တနှစ်နဲ့ငွေဒါဏ်ချမယ်လို့စစ်ကောင်စီကြေငြာချက်ထုတ်ပြန်

မေ၅ရက်ဒီသတင်းကိုယမန်နေ့ညမှာစစ်ကောင်စီပိုင်ရုပ်သံကဂြိုလ်တုစလောင်းအသုံးပြုရင်ထောင်ဒဏ်တစ်နှစ်နဲ့ ငွေဒဏ်ကျပ်ငါးသိန်းကျခံစေရမယ်လို့ကြေငြာသွားတာပါ။ဂြိုလ်တုစလောင်းတွေအသုံးပြုပြီးသတင်းဌာနအချို့ကနိုင်ငံတော်အေးချမ်းတာကို နှောင့်ယှက်နေတယ်ဆိုတဲ့

အကြောင်းပြချက်နဲ့စစ်ကောင်စီကနိုင်ငံအတွင်းဂြိုလ်တုစလောင်းတပ်ဆင်ပြီးရုပ်သံကြည့်ရှု့ခွင့်ကိုထပ်မံပိတ်ပင်လိုက်ပါတယ်အာဏာသိမ်းပြီးနောက်ပိုင်းသတင်းသမားတွေကို ဖမ်းဆီးပြီး

မီဒီယာကန့်သတ်ထိန်းချုပ်မှုတွေကိုစတင်လုပ်ဆောက်လာခဲ့ပြီး နောက်ပိုင်းမှာဂြိုလ်တုစလောင်းတွေကနေပြည်သူတွေရဲ့သတင်းသိပိုင်ခွင့်ကို ထပ်မံထိန်းချုပ်ပြီးကန့်ငတ်ပိတ်ပင်မှု ထပ်လုပ်လာတာပါ။

ဒီကြေညာချက်ကိုမထုတ်ပြန်ခင်ပြီးခဲ့တဲ့လအတွင်းတနိုင်ငံလုံး နေရာအနှံ့အပြားမှာဂြိုလ်တုစလောင်းတွေကိုလိုက်လံဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။