

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မိဘမဲ့ဂေဟာကိုလည်း ကိုယ်တိုင်ဦးဆောင်ကာဖွင့်လှစ်ထားတဲ့အပြင်


စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အောက်ဆီဂျင်လိုအပ်နေသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက်ပါ တတ်နိုင်သရွေ့လှူဒါန်းနေတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကို ခုခံဖို့အတွက် အာဟာရဓာတ်ပြည့်ပြည့်၀၀ရဖို့ အင်မတန်အရေးကြီးပါတယ်။ ကြက်ဥမှာအာဟာရဓာတ်ပြည့်ပြည့်၀၀ပါ၀င်တာကြောင့် လတ်တလောမှာဆိုရင်၀ယ်ယူသူတွေများနေပြီး ကြက်ဥဈေးတွေတက်ကာ လူတိုင်းမ၀ယ်နိုင်ဖြစ်နေကြရတာပါ။ အခုလိုအခက်အခဲဖြစ်နေကြတဲ့ ချို့တဲ့ပြည်သူတွေအတွက် ခိုင်နှင်းဝေဟာကြက်ဥ အလုံးရေတစ်သောင်းကျော်လှူဒါန်းခဲ့တာဖြစ်ပါတယ်။




ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “မြောက်ဒဂုံဘက်မှ ဒုက္ခသည် စခန်းဘက်သို့ ကြက်ဥ အလုံးတစ်သောင်း လှူဖြစ်ခဲ့ပါတယ်ရှင်….ပျော်ပြီး ဆုတောင်းပေးကြတဲ့ အတွက်လဲ အမောတွေ ပြေခဲ့ပါတယ်..ဘာပဲလိုလို အမြဲ ကူညီပေးပါသော (၄၃) အုပ်ချုပ်ရေးမှုး


ကိုနေလင်းအောင် နှင့် အလင်းရောင် ပရဟိတ မောင်မယ်များ အဖွဲ့ကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..ခုနှစ်ရက် သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းသော ကာလ ဒါန အလှူလေးပဲ ဖြစ်ပါတယ်ရှင်..???…” ဆိုပြီးရေးသားမျှဝေထားပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


CRD:MMLoadmdatenews
mdatenews