သမီးချောလေး အနုပညာ အသိုင်းအဝိုင်းမှာ အောင်မြင် ဖို့အတွက် လုပ်ပေးမယ်ဆိုတဲ့ လူကြမ်းသရုပ်ဆောက် မင်းမင်း

ကိုလူချော အဖွဲ့ ဝင် တစ်ဦးဖြစ်တဲ့ လူကြမ်း သရုပ်ဆောင် မင်းမင်း ကတော့ အနုပညာလောက မှာ ဖြတ်သန်း ခဲ့ ရတဲ့ သူ့ရဲ့ ဘဝအကြောင်းကို အခုလိုပဲ ပြောပြခဲ့ ပါတယ်။

ဒါအပြင် သူ့ရဲ့ ချောမော လှပတဲ့ သမီးလေး အနုပညာ လောကမှာ အောင်မြင်ဖို့ နေရာလေး တစ်နေရာရ ဖို့ အစွမ်းကုန်ကြိုးစားနေတဲ့

အကြောင်းကိုလဲ ပြောပြထားပါသေးတယ်။

အနုပညာ လောကထဲကို ရောက်ဖို့ အတွက် နည်းလမ်းမျိုးစုံ နဲ့ ကျွန်ခံ ခဲ့ဖူးပါ တယ်။ ဒါအ ပြင် မင်းသမီးတွေ ရဲ့ အဝတ်အစားတွေ ကိုပါ လျှော်ပေး ပြီး ကြိုး စားခဲ့ ရ ပါတယ် ။

ဒါပေမယ့် ဒီလောက် ကြိုးစားခဲ့ တာတောင် လူကြမ်းသရုပ်ဆောင် လောက်ပဲ ဖြစ်လာ တာပါ။

လူကြမ်းသရုပ်ဆောင် ဖြစ်လာ တော့လဲ အနုပညာကို ဆက်လက် ပြီး တန်ဖိုးထားဆဲ ၊ ချစ်နေဆဲ ပါပဲ တဲ့။

လူကြမ်း သရုပ်ဆောင် မင်းမင်း ရဲ့ ဖခင်ဖြစ် သူကတော့ လူကြမ်းသရုပ်ဆောင် ကြီး စမဦးမြင့်သိန်း ပါ။

ဖခင်ဖြစ်သူက အသက်ကြီးပြီ ဖြစ်တာကြောင့် အနုပညာကို  ဆက်လက်မလုပ်ကိုင်တော့ ပေမယ့် အဖေ့ရဲ့ အနုပညာအမွေ ကို ဆက်လက် ထိန်းသိမ်းချင် ပါတယ်။

ဒါပေမယ့် လူကြမ်း သရုပ်ဆောင် ဘဝမှာ ရပ်တည်နိုင်ဖို့ ခက်ခဲ ခဲ့တဲ့အထိ ဘဝကကြမ်းခဲ့ ပါတယ် ။

လူကြမ်း သရုပ်ဆောင် မင်းမင်း  မှာ သမီး ( ၃ )ယောက် နဲ့ သားတစ် ယောက် စုစုပေါင်း သားသမီး လေးယောက် ရှိပါတယ်။

၁၈ နှစ် အရွယ် သမီးအလတ်လေးဖြစ် တဲ့ ဇင်စန္ဒာထွန်းက ဖခင်ရဲ့ အနု ပညာအမွေကို ဆက်ခံရန် အနုပညာလမ်းကြောင်း ကို လျှောက်လှမ်းနိုင် ဖို့အတွက်

အခုထဲက ပြင်ဆင်နေ ပြီလို့ သိရပါ တယ်။

 

မင်းမင်းဟာ မပြည့်စုံပေမယ့် လည်း သမီးလေးရဲ့ အနုပညာ လမ်းကြောင်း ကို အပြည့်အဝ ထောက်ပံ့ ပေးနိုင်ဖို့  ကြိုးစားနေ ပါတယ်တဲ့။

အနုပညာ အသိုင်းအဝိုင်းထဲမှာ မိတ်ဆွေများစွာ ရှိတာကြောင့် မိတ်ဆွေတွေ ရဲ့ အကူအညီတွေနဲ့ အစွမ်း ကုန် ထောက်ပံ့ပေး မှာဖြစ် ပြီး

ဖခင် မေတ္တာ ကြီးမားသူ ပီပီ သမီးလေး  အောင်မြင်ဖို့ အတွက် ဘယ်လို တွေပဲ  ပေးဆပ် ရ ပေးဆပ် ရ ပေးဆပ် ဖို့ အသင့်ပဲလို့  ဆိုလိုက် ပါတယ် ။mdatenews

mdatenews