မနေ့က ညက အဖမ်းခံလိုက်ရတဲ့ သင်းသင်း ခုညနေတွင် ပြန်လည် လွတ်မြောက်လာပါပြီ

မော်ဒယ် သရုပ်ဆောင်  သင်းသင်း ပြန်လွှတ်လာပြီ…..

သရုပ်ဆောင် ၊ မော်ဒယ် သင်းသင်းဟာ ဒီကနေ့  ဖေဖော်ဝါရီ ၂၂ ရက် ည ၁၁  နာရီဝန်းကျင် က ရန်ကုန်မြို့ ရှိ

သူမရဲ့ နေအိမ်မှာရှိနေစဉ် ဖမ်းဆီးခံ လိုက်ရ ပါတယ် ။

သူမကို ဧည့်စာရင်းစစ်မယ်လို့ဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ-SAC  လုံခြုံရေးတပ် ဖွဲ့ဝင် တွေ က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

သင်းသင်းကို ဘာကြောင့်ဖမ်းဆီးရသ လဲဆိုတာကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။

မော်ဒယ်သရုပ်ဆောင် သင်းသင်းကို စစ်တပ်က အကြမ်း ဖက် ဖမ်းဆီး ၊ အကြမ်း ဖက် မင်းအောင်လှိုင် ဓာတ်ပုံကို လူမှုကွန်ရက် တွင်

 

အသရေဖျက် ၍ ဖမ်းဆီးဟု စစ်လော်ဘီ များ ထုတ်ပြန် မော်ဒယ် သရုပ်ဆောင် သင်းသင်း ကို စစ်တပ်က ယနေ့ ညပိုင်းတွင်

အကြမ်းဖက် ဖမ်းဆီးသွားပြီး  အကြမ်း ဖက် မင်းအောင်လှိုင်ဓာတ်ပုံကို လူမှုကွန်ရက် တွင် အသရေ ဖျက်တင် ၍ ဖမ်းဆီး သည်ဟု စစ်လော်ဘီများဖြစ် ကြသည့်

ဟန်ငြိမ်းဦး  အပါအဝင် စစ်တပ်ဘက်တော်သား များက သတင်းထုတ်ပြန်ထား သည် ။

မော်ဒယ်သရုပ်ဆောင် သင်းသင်း ၏ နေအိမ်ကို ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဝင်ရောက် ၍ အကြမ်းဖက်ဖမ်းဆီးသွား ခြင်းဖြစ် ပြီး

ဖမ်းဆီးမခံရခင် သင်းသင်းက အခြေအနေ ကို Live လွှင့်၍ ပြည်သူများ ကို အသိပေး ပြောဆိုမှု များ လုပ်နိုင်ခဲ့ သော်လည်း

နောက်ဆုံးတွင် ဖုန်းကိုလု ၍ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသည် ။ယခုညနေမှာတော့ ပြန်လွှတ်လာ ပြီးလို့သိရပါတယ်။mdatenews

mdatenews