ပရိသတ်ကြီး ရေ ၁၉၆၉ ခုနှစ်က တည်း က အနုပညာလောက ကို ဝင်ရောက်ခဲ့တဲ့ လူကြမ်း သရုပ်ဆောင် စိုင်းအောင် တင့် ကို မှတ်မိ ကြသေးလား။
မိန်းက လေး များ က ရွံ့မုန်းကြ ပြီး အမျိုးသမီးကြီး များက တော့ အမြင်ကတ် ကြပါ တယ်။
ယောကျာ်းလေး များ အချင်းချင်း တောင် သူနဲ့ ခိုင်းနှိုင်း စနောက်ကြ ပါက ခါးခါး သီးသီး စိတ်ဆိုး တတ်ကြပါ တယ်။
အကြောင်းရင်း ကတော့ရုပ်ရှင်ဇာတ်ကားတွေ ထဲမှာ အဆီ တဝင်းဝင်း မျက်နှာထား နဲ့ ဗီလိန်အိုက်တင် ၊ မုဒိန်းကောင် အိုက်တင် တွေကို
အများဆုံး သရုပ်ေ ဆာင်ရတာကြောင့် ပဲ ဖြစ်ပါတယ်။
လူကြမ်း သရုပ်ဆောင်ကြီး ဦးစိုင်းအောင့်တင့် ဟာ ပရိသတ်တွေ က နှာဘူးကြီး ၊ ကြာကူလီကြီး လို့ ခေါ်နေကြပေ မယ့် ဗီလိန် သရုပ်ဆောင် အဖြစ် သရုပ်ဆောင် ရတာ
ပျော်နေ ဆဲပါပဲတဲ့ ။ဦးစိုင်းကို မိန်းကလေးပရိသတ်တွေ က နာမည်အရင်းတောင် မသိတော့ ပဲ “နှာဘူးကြီး ” “ ကြာကူလီ ” လို့ပဲ ခေါ်ကြ တော့တယ် လို့
အင်တာဗျူး တစ်ခုမှာ ပြောပြထားပါ တယ် ။ အချို့နယ်က မိန်းကလေး ပရိသတ်တွေ ဆို အနားတောင် မကပ်ရဲကြ ဖူးလို့ ဆို ပါတယ်။
ပရိသတ် တွေကမြင်တာ နဲ့ ရွှံမုန်းတဲ့ မျက်လုံးတွေ နဲ့ အကြည့် ခံရ တာ ကြောင့် ရင်ထဲမှာ ခံစား ရဖူးပေ မယ့်
သရုပ်ဆောင် ချက် ပီပြင်တဲ့ အတွက် ဒီလိုအထင်ခံ ရတာ ကျေနပ်ပါတယ် လို့ ဆိုပါတယ်။
ဦး စိုင်းအောင်တင့် ဟာ ဒီလို ဇာတ်ရုပ်တွေကို သရုပ်ဆောင်ရတဲ့ အတွက် သားသမီးတွေ အပေါ်မှာ လဲ မင်းအဖေ က ကြာကူလီကြီး ပါကွာ လို့ အပြော ခံရဖူး တဲ့ အထိ
သက်ရောက်မူ့ရှိခဲ့ ပါတယ်။လက်ရှိမှ ာတော့ ဦးစိုင်းအောင် တင့် ဟာ အနုပညာအလုပ်တွေ ကို နားထားတာ ၂ နှစ်ကျော်ရှိနေ ပြီဖြစ်ပါ တယ်။
အားကိုးရတဲ့ သားသုံးယောက်ရှိ ပြီး ဒီသားတွေကပဲ အလုပ်မရှိတဲ့ အချိန်မှာ စားဝတ်နေရေး အတွက် ထောက်ပံ့ပေး နေပါတယ်။
သားတွေက အနုပညာအလုပ် ကို အသက်ကြီးလာ လို့ နားခိုင်းပေမယ့် အနုပညာကို လုပ်နေရရင် ပျော်နေတတ်သူ ဖြစ်ပြီး
ဇာတ်ပို့ ဇာတ်ရန် အလွှာက မိတ်ဆွေတွေကို မတွေ့ရ ရင် မနေနိုင်သူပါ ဖြစ်တာကြောင့် ဇာတ်ကားတွေပြန် ရိုက်ချင်ပါ တယ် တဲ့။
၂၀၁၅ တုန်း က ဆီးချိုရောဂါဖြစ်ခဲ့ ဖူးပြီး ညာဘက်မျက်လုံး ထိ ခိုက်ခဲ့ပေ မဘ့် ကံကောင်းလို့ မျက်စိမကွယ် ခဲ့ တာ ပါ ။
ဦးစိုင်းအောင် တင့် ဟာ လက်ရှိမှ ာတော့ ကျန်းမာရေးကောင်း အောင်လို့ ပဲ အမြဲဆုတောင်းနေပါ တယ်တဲ့။mdatenews
mdatenews