နေအိမ်ချိတ်ပိတ်ခံရတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့အတွက် အနုပညာမောင်နှမချင်း စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့ အဆိုတော် Rဇာနည်…

အသံပါဝါ‌ကောင်းကောင်းကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေချစ်ခင်ရတဲ့ ဝါရင့်အဆိုတော်ကြီး R ဇာနည် ကတော့ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့် မိသားစုနဲ့အတူ ဘေးကင်းရာကို တိမ်းရှောင်နေရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရပေမယ့် ဒီမိုကရေစီအတွက် လှုပ်ရှားမှု့တိုင်းကို တတ်နိုင်တဲ့ဘက်ကနေ တာဝန်ယူထမ်းဆောင်နေတာကိုလဲ တွေ့ရပါတယ်။

 

 

မနေ့က ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ညပိုင်းက နိုင်ငံကျော် အဆိုတော် လင်းလင်း နဲ့ မင်းသမီး ချစ်သုဝေ တို့ရဲ့ ရန်ကုန်တိုင်းဒေသကြီး တိုက်အမှတ် T၊အခန်း ၆၊ ရွှေအင်ကြင်းရိပ်မွန်အိမ်ရာ၊ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းထောင့်၊ အောင်ဆုပန်ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်မှာ တည်ရှိတဲ့ နေအိမ်ကို စစ်ကောင်စီမှ လာရောက်ချိတ်ပိတ်သွားခဲ့ပါတယ်။

 

 

လာရောက်ချိတ်ပိတ်တဲ့အချိန်မှာ နေအိမ်မှာ နေထိုင်သူမရှိခဲ့တဲ့အကြောင်းကို ပတ်ဝန်းကျင်မှ တစ်ဆင့်သိရပါတယ်။ ဒီသတင်းကြောင့် အဆိုတော် R ဇာနည် ဟာ မိတ်ဆွေဖြစ်သူ လင်းလင်းတို့ မိသားစု အတွက် စိတ်မကောင်းဖြစ်နေပါတယ်။အဆိုတော် R ဇာနည် ကတော့ ညီအစ်ကိုလို ချစ်ခင်ရတဲ့

 

 

အဆိုတော်လင်းလင်းတို့သတင်းကို ကြားပြီးနောက် သူ့ရဲ့ဖေ့ဘွတ်အကောင့်တွေကို ပရိုဖိုင်အမဲရောင်အဖြစ် ပြောင်းလဲပြီး စိတ်မကောင်းတဲ့အကြောင်းကို ပြသခဲ့ပါတယ်။ ပရိသတ်ကြီးရေ လင်းလင်း တို့ မိသားစု ဘေးကင်းပါစေလို့ ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

 

 

CRD:Shwe Sagarmdatenews

mdatenews