အစ်မဖြစ်သူရွှေမှုန်ရတီနဲ့အတူရှိနေတဲ့ပုံရိပ်လေးကိုအလွမ်းပြေပြသလာခဲ့တဲ့ ငွေမှုန်ရတီ

 

ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ ညီအစ်မနှစ်ယောက်စလုံးက အနုပညာလောကရဲ့ တောက်ပတဲ့ ကြယ်ပွင့်နှစ်ပွင်တွေပဲ ဖြစ်ပါတယ်။ ငွေမှုံရတီက ဗီဒီယိုဇာတ်ကားတွေကို အရိုက်များပြီး လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးနေလျက်ရှိပြီး ရွှေမှုံရတီကတော့ အရင်ကအတိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်မလည်အောင် ရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။

 

 

ပရိသတ်တွေကတော့ ချစ်စရာကောင်းပြီး ရုပ်ချင်းလည်းဆင်တဲ့ ညီအစ်မနှစ်ယောက်စလုံးကို ချစ်ခင်အားပေးကြပါတယ်။ရေွှမှုံရတီနဲ့ ငွေမှုံရတီတို့ ညီအစ်မနှစ်ယောက်စလုံးက လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေအားလုံးရပ်နားထားတာဖြစ်ပါတယ်။ အထူးသဖြင့် ရွှေမှုံရတီက လူမှုကွန်ယက်စာမျက်နှာတွေကိုလည်း အသုံးပြုခြင်းမရှိပဲ ပရိသတ်တွေနဲ့ အလှမ်းဝေးနေတာပဲဖြစ်ပါတယ်။

 

 

ဒီကနေ့မှာတော့ ငွေမှုံရတီက ပရိသတ်တွေ မမြင်ရတာကြာနေပြီဖြစ်တဲ့ အစ်မရွှေမှုံရတီနဲ့ ပုံရိပ်လေးကို သူမရဲ့ ဖေ့စ်ဘုတ် My Day ကနေတဆင့် ပြသလာပါတယ်။ရွှေမှုံရတီကတော့ အနုပညာလှုပ်ရှားမှုတွေအားလုံးရပ်နားထားတာ တစ်နှစ်နီးပါးအချိန်တောင်ရှိနေပြီမို့ ပရိသတ်တွေက သတိရနေကြပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ညီအစ်မနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး နည်းနည်းလောက်ဖြစ်ဖြစ် အလွမ်းပြေသွားကြမယ်ထင်ပါတယ်နော်။

 

 

CRD:mdatenews

mdatenews