RIHANNA ကို အတုခိုးပြီးဓာတ်ပုံရိုက်ကူးခဲ့လို့မသိနားမလည်တဲ့ပရိတ်သတ်တွေဝေဖန်နေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ ထိုက်ဆုဝင်း

သရုပ်ဆောင် အကယ်ဒမီ သူထူးစံကတော့ သူနဲ့ စိတ်တူ ကိုယ်တူ ဝါသနာတူတဲ့ ဇနီးသည်လေးကို ပိုင်ဆိုင်ထား တာပဲဖြစ်ပါတယ်။ သူထူးစံရဲ့ ချစ်ဇနီးကတော့ သရုပ်ဆောင် ထိုက်ဆုဝင်း ပဲဖြစ်ပြီး နှစ်ယောက်စလုံးက တူညီတဲ့ အနုပညာနယ်ပယ်ထဲမှာ ကျင်လည် ခဲ့ကြသူမို့ သူများထက်ပိုပြီး နားလည်မှု ပေးနိုင်ကြတာပဲဖြစ်ပါတယ်။

 

 

အခုဆိုရင် ထိုက်ဆုဝင်းကလည်း သူမရဲ့ ပထမဦးဆုံး ရင်သွေးလေးကို လွယ်ဆောင်ထားရပြီမို့ သူထူးစံကလည်း သူ့ရဲ့ ဇနီးလေးကို ဂရုစိုက် ကြင်နာနေရတာပဲဖြစ်ပါတယ်။ပထမဦးဆုံး ကိုယ်ဝန်ကိုလွယ်ထား ရပြီဖြစ်တဲ့ ထိုက်ဆုဝင်းက သူမရဲ့ ကိုယ်ဝန်ဆောင် အမှတ်တရတွေကို ဓာတ်ပုံ ရိုက်သိမ်းဆည်းထားပြီး

 

 

ဒီတစ်ခါမှာလည်း ကမ္ဘာကျော် အဆိုတော် RIHANNA လိုဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူး ခဲ့တာကြောင့် တချို့သော ပရိသတ်တွေရဲ့ ဝေဖန်မှုကို ရရှိနေတာပဲဖြစ် ပါတယ်။မသိနားမလည် ကြတဲ့ပရိသတ်တွေက RIHANNA ကိုလိုက်တုပတယ် လို့ဆိုပေမယ့် ထိုက်ဆုဝင်းက လက်ရှိ နိုင်ငံတကာက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ပြုလုပ်နေကြတဲ့

 

 

RIHANNA CHALLENGE ကို လုပ်ပြီး မတူတူအောင်ကို တုပခဲ့ကြောင်းပြောလာပါတယ်။ထိုက်ဆုဝင်းကတော့ သူမကြိုက်နှစ်သက်ရတဲ့ အဆိုတော်ရဲ့ ပုံစံကို လိုက်တုပပြီး တစ်ပုံစံတည်းတူအောင် CHALLENGE လုပ် ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ အဆိုတော်ရဲ့ပုံစံကို လိုက်တုပပြီး အပျော် ဓာတ်ပုံရိုက်ကူးတာ အပြစ်လို့ ဆိုနိုင်ဖွယ် မရှိပါဘူးနော်။

 

 

Creditmdatenews

mdatenews