မကြေးစည်” ဇာတ်ကားရိုက်ကူးစဉ် ရှုတင်နောက်ကွယ်မှာလည်း ဇာတ်ကောင်စရိုက်အတိုင်း အမူအကျင့်လေးတွေရှိတဲ့ မေမီကိုကို

 

သရုပ်ဆောင် မေမီကိုကိုက ဇာတ်ပို့ဇာတ်ရံတစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပေမယ့် သူမရဲ့ကြိုးစားအားထုတ်မှုနဲ့ လုံ့လဝိရိယတို့ကြောင့် အဆိုရင် MRTV 4 ဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးနေရတာပဲဖြစ်ပါတယ်။ “ပျားရည်အိုင်” ဇာတ်ကားမှာလည်း မြိုင်ဇာတ်ရုပ်နဲ့ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ မေမီကိုကိုက အခုလက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “မကြေးစည်” ဇာတ်လမ်းတွဲမှာလည်း မကြေးစည်ဆိုတဲ့ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

 

 

သရုပ်ဆောင်တစ်ယောက်ပီပီ ဇာတ်လမ်းသရုပ်ဆောင်တဲ့နေရာမှာ မိမိရဲ့ပင်ကိုယ်သဘာဝအမူအကျင့်နဲ့ စိတ်နေစိတ်ထားတို့ကိုမေ့ထားပြီး ဇာတ်ကောင်သရုပ်ဆောင်အမူအယာအတိုင်း သရုပ်ဆောင်နေပေမယ့် မေမီကိုကိုကတော့ “မကြေးစည်” ဇာတ်ကားရိုက်ကူးစဉ် ရှုတင်နောက်ကွယ်မှာလည်း ဇာတ်ကောင်စရိုက်အတိုင်း အမူအကျင့်လေးတွေရှိတာပဲဖြစ်ပါတယ်။

 

 

ထိုအကြောင်းအရာကို “မကြေးစည်” ဇာတ်လမ်းတွဲထဲက အရူးပေါက်ကြီးအဖြစ်သရုပ်ဆောင်ထားတဲ့ ကိုကံပွင့်က မေမီကိုကိုရဲ့ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးနဲ့ ဇာတ်လမ်းထဲကပုံရိပ်လေးကို ယှဉ်တွဲဖော်ပြပြီး “အပြင်မှာလည်းခွေးချစ်တတ်တဲ့မကြေးစည်လေး” ဆိုပြီး ပြသလာခဲ့ပါတယ်။မေမီကိုကိုကတော့ ဇာတ်လမ်းထဲမှာလည်း ကြင်နာပြီးသနားတတ်တဲ့ မကြေးစည်အဖြစ်သရုပ်ဆောင်တတ်သလို အပြင်မှာလည်း တိရစ္ဆာန်လေးတွေအပေါ် ချစ်ခင်တတ်ကြောင်း ပရိသတ်ကြီးလည်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

 

 

CRD:Cele Platformmdatenews

mdatenews