ပရိသတ်ကြီးရေ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ သူကိုယ်တိုင် လိင်တူစိတ် ဝင်စားသူဖြစ်ကြောင်း ဝန်ခံထားပါတယ်နော်။ လွန်ခဲ့တဲ့ ကိုးလပိုင်းက သူ့ကောင်လေးနဲ့ တရားဝင် လမ်းခွဲခဲ့ကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြခဲ့ပါတယ်နော်။
ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း အသစ်မရှာဘဲ တစ်ယောက်တည်း အေးဆေး ဖြတ်သန်းနေထိုင်ခဲ့ပါတယ်နော်။ မကြာသေးခင်လောက်က သူ့ရဲ့ခွေးလေးတွေကို မတွေ့တာကြာပြီဖြစ်တဲ့ ရည်းစားဟောင်းနဲ့ ပြန်လည်တွေ့ပေးရင်းဇာတ်လမ်းဟောင်းကို ပြန်စခဲ့ပါတယ်နော်။ အခုဆိုရင် ဥက္ကာမင်းမော င်ဟာ သူ့အရင် ရည်းစားနဲ့ အနည်းငယ် ပြန်အဆင်ပြေနေပါပြီနော်။
သူ့အနေနဲ့ ရည်းစားဟောင်းနဲ့ အတူရှိနေရတဲ့ ခံစားချက်ဟာ အရမ်းကို လုံခြုံပြီး ငါတို့နှစ်ယောက်ကြားမှာ ဘာတွေပဲဖြစ်ဖြစ် ဒီအချစ်က ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်တော့ပါဘူး။ လို့ လက်ရှိခံစားချက်တွေကို ဝန်ခံထားပါတယ်နော်။
Credit:Owner writingmdatenews
mdatenews