အောက်စီဂျင်ရှုနေရက်နဲ့ဘာကြောင့်အသက်ဆုံးရှုံးရတယ်ဆိုတဲ့အကြောင်းအရင်းကို ပြန်လည်ဝေမျှပေးလာတဲ့ ခိုင်သင်းကြည်
လတ်တလောဖြစ်ပွားနေတဲ့ Covid ရောဂါဟာ အောက်စီဂျင်တစ်ခုတည်းရှိနေရုံနဲ့ မလုံလောက်ပါဘူး။ လိုအပ်တဲ့အသက်ရှုလေ့ကျင့်ခန်းတွေအပြင် အစားအသောက်တွေကိုလည်း ဝင်သလောက်စားပြီး ကိုယ်ခံအားကောင်းအောင်လုပ်ရတာမျိုးပါ။ တတ်သိနားလည်တဲ့ ဆရာဝန်တွေရဲ့ပြောစကားအတိုင်း လိုက်နာပြီး စနစ်တကျလုပ်ဆောင်မယ်ဆိုရင် အသက်ဘေးကနေလွတ်ကင်းနိုင်ပါတယ်။ ဒီနေ့မှာလည်း ပါမောကခ ဒေါက်တာခင်မောင်ထွေးရဲ့ အောက်စီဂျင်နဲ့ပတ်သက်တဲ့ လွဲမှားမှုတစ်ခုကို ထောက်ပြထားတဲ့ အချက်တစ်ချို့ကို ခိုင်သင်းကြည်က သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ပြန်လည်ဝေမျှပေးလာခဲ့ပါတယ်။
ဒီအကြောင်းအရာကို ” Oxygen ရှုရဲ့သားနဲ့ ဘာ့ကြောင့်သေလဲလို့ မျှဝေပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်🙏🙏🙏 အပျင်းမကြီးဘဲ အသက်ရှုလေ့ကျင့်ခန်းတွေ များများလုပ်ကြပါနော်💪❤️ လေထဲမှာရှိတဲ့ အောက်စီဂျင် (၂၀-၂၁%) ဟာ လုံလောက်တာထက်ပိုပါတယ်ဆိုတာကို ထပ်မံအတည်ပြုပြောချင်ပါတယ်။ ဒါပေမဲ့ ကိုဗစ်မှာ “ဘာ့ကြောင့် အောက်စီဂျင်အပိုကို သုံးနေကြရလဲ” ဆိုတဲ့ မေးခွန်း မေးစရာရှိပါတယ်။ ရှင်းပြပါ့မယ်။ လူ့ကိုယ်ခန္ဓာရဲ့အဆုပ်မှာ လေအိပ် (alvilia) လေးများ (၇) မီလီယံလောက်ရှိပါတယ်။
ထိုလေအိပ်များကို ဖြန့်လိုက်ရင် အလျား (၇၀) မီတာ၊ အနံ (၇၀) မီတာလောက် ကျယ်ပါတယ်။ ထိုလေအိပ်လေးများကို သေးငယ်တဲ့လေပြွန် (bronchioles) လေးများဖြင့် စပျစ်ခိုင်လို ဆက်သွယ်ထားပါတယ်။ ထိုလေအိပ်ပတ်ဝန်းကျင်မှာက သေးငယ်တဲ့ ဆံခြည်မျှင်သွေးကြောလေးများဖြင့် ဝန်းရံထားပါတယ်။ ကိုယ်ခန္ဓာက လိုအပ်တဲ့အောက်စီဂျင်ကို အဲဒီနေရာကနေ ကိုယ်ခန္ဓာထဲ ပို့ရပါတယ်။ ကိုဗစ်ဖြစ်သူများရဲ့ ပြသနာကအဲဒီနေရာမှာပါ။ ဆံခြည်မျှင်သွေးကြောလေးများပိတ်တယ်။
လေအိပ်ပြွန်ငယ်လေးများ ချွဲဖြင့်ပိတ်တယ်။ ပိတ်တဲ့ အရွယ်အစားပေါ် မူတည်ပြီး လေအဝင်အထွက်၊ အောက်စီဂျင် ကိုယ်ထဲရောက်တဲ့ပမာဏ ကွာကြပါတယ်။ အောက်စီဂျင်ကျတယ်ဆိုတာ ပိတ်တဲ့ပမာဏ များလို့ပါ။ အောက်စီဂျင်ရှူလိုက်ခြင်းအားဖြင့် ကျန်နေတဲ့ လေအိပ် နည်းနည်းလေးထဲမှာရှိတဲ့ အောက်စီဂျင် (၂၀%) ကို မြှင့်ပေးလိုက်တာပါ။ အဲဒါဟာ ခဏတာပဲ ကောင်းပါတယ်။ ရက်ပိုင်းလေးပါ။ ” ဆိုပြီးရှင်းပြလာခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ” အောက်စီဂျင်ကို၌က ကြာကြာရှူရင် လေအိပ်လေးများ ပြန်ဖောင်းလာအောင် လုပ်ပေးတဲ့ surfactant လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကိုယုတ်လျော့စေပါတယ်။ ဒါ့ကြောင့် အောက်စီဂျင်ကို ဘိန်းရှူသလို တစ်ပါတ်နှစ်ပါတ်ရှူနေရင် ကျန်နေတဲ့ လေအိပ်လေးတွေပါပိတ်ကုန်ပြီး လူသေတဲ့အထိ ဖြစ်လာပါလိမ့်မယ်။ တစ်ချို့ဆို (၃-၄)ရက်အတွင်း သေကြရပါတယ်။
ဒါ့ကြောင့် လေအိပ်ပြန်ဖွင့်ပေးမဲ့ အသက်ရှူ လေ့ကျင့်ခန်းကို (မဖြစ်မနေ) ကျန်တဲ့ လေအိပ်လေးတွေမပိတ်ခင် ထိထိရောက်ရောက် လုပ်ကိုလုပ်ရပါ့မယ်။ နေကောင်းနေစဉ် ကတည်းက လေ့ကျင့်နေရင် တကယ်လက်တွေ့ရောဂါရတော့ ဆက်လုပ်နိုင်တာပေါ့။ Google မှာ Breathing Exercises for Covid Patient ဆိုရိုက်ရှာပါ။ အသက်ရှူလေ့ကျင့်ခန်းတွေအများကြီးတွေ့ရပါ့မယ်။
ဖွင့်ပြီး ကိုယ်တိုင် လိုက်လုပ်ကြပါ။ ဆေး၊ အောက်စီဂျင်တို့ကိုသာ အားကိုးမနေကြပါနဲ့ ” လုံ့လလည်းထူ၊ ဉာဏ်လည်းကူ ပျိုးလည်းသန်မှ၊ ငါလည်းမ ” တဲ့။ ကိုယ့်အားကိုယ်ကိုး အင်အားမစိုက် မလုပ်ချင်မကိုင်ချင်ရင်တော့ ကိုယ်ပဲ နစ်နာဆုံးရှုံးရမှာပါ။ ပါမောက္ခ ဒေါက်တာခင်မောင်ထွေး ” ဟုဆိုကာ ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ စာဖတ်သူတို့လည်း ဆရာကြီးရဲ့အကြံပြုချက်ကို အသေအချာလေးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
CRD:MMloadmdatenews
mdatenews