https://mediaupdatenews.com/wp-content/uploads/2021/08/amon4-1024×536.png 1024w, https://mediaupdatenews.com/wp-content/uploads/2021/08/amon4-768×402.png 768w, https://mediaupdatenews.com/wp-content/uploads/2021/08/amon4.png 1200w” alt=”” width=”609″ height=”288″ />
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်တဲ့ အဆိုတော်အမွန်းကတော့ လတ်တလောမှာနေမကောင်းတဲ့ ပြည်သူတွေအတွက် ကြက်ပေါင်းတွေလည်း လှူဒါန်းပေးခဲ့သလို
သူရဲ့မွေးရပ်မြေဖြစ်တဲ့ မြစ်ကြီးနားက ပြည်သူတွေအတွက်လည်း ကြက်ဥနဲ့ ကြက်ပေါင်းတွေလှူဒါန်းပေးခဲ့တာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ ဒီနေ့မှာလည်း အမွန်းကထပ်ပြီ းလှူဒါန်းပေးခဲ့ပြန်ပါတယ်။
ဒီနေ့မှာတော့ အမွန်းက မွေးရပ်မြေမြစ်ကြီးနားမှာရှိတဲ့ နေမကောင်းကြတဲ့သူတွေအတွက် အုန်းထမင်းနဲ့ ကြက်ကြော် တွေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ သူတတ်နိုင်သလောက်လှူဒါန်းပေးတာဖြစ်တဲ့အတွက် အယောက်(၁၀၀)စာအတွက် ပွဲရေ(၁၀၀)တိတိကိုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
အမွန်းကတော့ ကိုယ်တိုင်လာရောက်မလှူနိုင်တဲ့အတွက်လည်း အခုလို လှူဒါန်းနိုင်အောင် အစအဆုံးစီစဉ်ပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။
သူလှူဒါန်းပေးတဲ့ အုန်းထမင်းနဲ့ကြက်ကြော်ကို ကြိုက်နှစ်သက်ကြတဲ့အတွက်လည်း လှူဒါန်းရတာကို အမွန်းက ပီတိဖြစ်နေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ အမွန်းရဲ့ အုန်းထမင်းနဲ့ ကြက်ကြော်လှူဒါန်းတဲ့ အလှူလေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေက သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Credit ; CeleZonemdatenews
mdatenews