Media Update News
News Media Website
Uncategorized
အာဆီယံရဲ့ဂျ င်းကို စောင့်ကြည့် နေစရာ မလိုဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်
ယူနီကုတ်​ဖြင့်​ဖတ်​ရန်
အာဆီယံရဲ့ဂျ င်းကို စောင့်ကြည့် နေစရာ မလိုဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက်တဲ့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်
အာဆီယံ အထူးအစည်းအဝေးကနေ အားလုံးသဘောတူတဲ့ အချက်တွေ (၅) ချက် ရှိခဲ့တယ်။ အဲဒီ (၅) ချက်လုံးက စောစောက ဒေါ်ဇင်မာအောင် ပြောသွားသလို နံ ပ တ် တ စ် အ ချက်ဖြစ်တဲ့
မြန်မာနိုင်ငံအတွင်း ဖြ စ် ပွာ း နေတဲ့ အ ကြ မ် း ဖ က် မှု အားလုံး ချက် ချင်း ရ ပ် ဆိုင်းဖို့ဆိုတဲ့ ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့အနေနဲ့ အစည်းအဝေးမှာ သဘောတူခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ စောစောက ရန်ကုန်မှာ ချ က် ချင်း ဖြ စ် သွားတဲ့ ကိစ္စ။သူ တကယ်ပဲ ဒီအချက်ကို အကောင်အထည်ဖော်ခြင်း ရှိမရှိဆိုတာကိုတော့ အချိန် ဘယ်လောက် အတိုင်းအတာအထိ စောင့်ကြည့်သွားဖို့ ရှိသလဲ။
စောင့်ကြည့်စရာကို မလိုဘူး။ ကျမတို့က အဖြေက သိပြီသားကြီး။ ဘာဖြစ်လို့လဲဆိုတော့ ရှစ်ဆယ့်ရှစ်ကတည်း တချိန်လုံး ဒီလိုပဲ လုပ်လာတာ။ ဥပမာ ပြောရရင် အာဆီယံကို မြန်မာနိုင်ငံ ဝင်ရောက်ဖို့ န အ ဖ လက်ထက်မှာ ကြိုးစားခဲ့ကတည်းကိုက စစ်အုပ်ချုပ်ရေးကို အ သ က် ဆ က် ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာကို လှည့်ဖြားပြီး လုပ်ခဲ့တာ။
ထုံးစံအတိုင်း အမြဲတမ်း အပြင်မှာပြောခဲ့တာတမျိုး ပြည်တွင်းပြန်ရောက်ရင် သူ့ပြည်သူကို ဆ က် ဆံ တာတမျိုးဆိုတာ ကျမတို့က နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ပြည်သူလူထုအတွက် အသစ်အဆန်း မဟုတ်ဘူး။
ဆိုတော့ နိုင်ငံတကာအနေနဲ့ အသိအမှတ်ပြုဖို့ awareness ဖြစ်ဖို့၊ သတိထားဖို့ လိုတယ်။ အပြင်မှာပြောရင်တမျိုး၊ ပြည်တွင်းမှာပြန်ပြီး ဆောင် ရွ က် တဲ့အခါတမျိုး။ အဲဒီတော့ ဒီဘက်ခေတ်လို အနေအထားမျိုးကြီးမှာ ကြေညာချက်ထဲမှာလဲပါတယ်။ ဘရူးနိုင်းကပြောတဲ့ ကိစ္စတချို့ဆိုရင် Digital နဲ့ ပတ်သက်တဲ့ဟာတွေ။
Digitalization လုပ်ဖို့ကိစ္စတွေ။ Sustainability တို့ ဘာတို့ပြောတယ်ဆိုရင် ထားပါတော့ ပြည်တွင်းမှာလည်း အင်တာနက်တွေလည်း ဒီ လောက် ဖြ တ် တောက်နေတော့၊ ရှေ့မှာကြေညာချက်ထဲမှာ ပြောသွားတဲ့အချက်တွေနဲ့ နောက်ဆုံး မှာပါတဲ့ အချက်တွေက ရှေ့နောက်မညီညွှတ်ဘူးလို့ ကျမတို့က ပြောလို့ရတယ်။
မနေ့က Statement မှာ။ ဒါက ဘာကိုပြနေသလဲဆိုရင် အာဆီယံမှာ ဒီလို အာ ဏာ ရှ င် တွေနဲ့ Consensus ယူနေရတာသည် Value အားဖြင့် ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ ထို့အတူပဲ ပြန်လာတော့လဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ကျမတို့အဖို့ အဆန်းမဟုတ်ဘူး။
စောင့်ကြည့်ဖို့ အချိန်ပေး မသင့်တော့ဘူး။ စောင့်ကြည့်လို့ရှိရင် နောက်ထပ်အနှစ် (၂၀) စောင့်ကြည့်မှာလား။ (၁၅) နှစ် စောင့်ကြည့်မှာလား။ ဒါဆိုရင် နောက်ထပ် အာဆီယံရဲ့ မြေ ပုံ က မ္ဘာ မြေ ပုံ ပေါ် မှ ာ နောက်ထပ်အကြွင်းမဲ့ အာ ဏာ ရှ င် နိုင်ငံတခု ပေါ်ပေါက်လာဖို့ပဲ ရှိပါတယ်။ကျမတို့ကတော့ မစောင့်ကြည့်သင့်ဘူး။ စောင့်ကြည့်စရာလဲ မလိုတော့ဘူး။ နှစ်ပေါင်းများစွာ ဒီလိုအတွေ့အကြုံတွေ ရှိခဲ့ဖူးပြီ ဖြစ်ပါတယ်။