ကျန်ရစ်သူမိသားစုဝင်တွေက ဝမ်းနည်းကြေကွဲစွာနဲ့ လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်ဦးမေတ္တာရဲ့ နောက်ဆုံးခရီးဗီဒီယို

 

ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာကတော့ ဩဂုတ်လ (၂)ရက်နေ့၊နေ့လည် (၁၂)နာရီတွင် သူချစ်တဲ့မိသားစုနဲ့ ပရိသတ်တွေကို ခွဲခွါသွားခဲ့ပြီဖြစ်ပါတယ်။ဦးမေတ္တာက အသက်ရှိစဉ်ကာလတစ်လျှောက်မှ

 

 

သူတတ်စွမ်းတဲ့အနုပညာနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး ရုတ်တရက်ခွဲခွါသွားခဲ့တဲ့ ဦးမေတ္တာကို ပြည်သူလူထုက နှမျောနေကြပြီး ကျန်ရစ်သူမိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းနေကြတာဖြစ်ပါတယ်။

 

 

ဦးမေတ္တာရဲ့ ရုပ်ခန္ဓာကိုယ်ကိုလည်း ကျန်ရစ်သူမိသားစုက နေ့တွင်းချင်းသင်္ဂြိုလ်လိုက်ကြတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကတော့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ဖြည်မဆည်နိုင်အောင်ခံစားနေရတာဖြစ်ပါတယ်။ဦးမေတ္တာရဲ့နောက်ဆုံးခရီးကို ကျန်ရစ်သူမိသားစုဝင်တွေအပြင် အနုပညာအသိုင်းအဝိုင်းကလူရွှင်တော်တွေနဲ့ မိတ်ဆွေတစ်ချို့က ဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင်ပေးကြတာ ဖြစ်ပါတယ်။

 

 

ဦးမေတ္တာရဲ့ ဇနီးနဲ့ သား၊သမီးတို့က နောက်ဆုံးမြင်တွေ့ရတဲ့အချိန်လေးမှာ မျက်ရည်တွေနဲ့နှုတ်ဆက်ပြီး ကန်တော့ခဲ့ကြတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း မိတ်ဆွေ၊သူငယ်ချင်းတွေက ဘေးနားကနေ အားပေးနှစ်သိမ့်ပေးကြတာဖြစ်ပါတယ်။

 

 

အခုလိုမျိုး ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက် ကြွေလွင့်သွားတာကြောင့်အနုပညာလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း ဦးမေတ္တာအတွက် ဝမ်းနည်းနေရတာဖြစ်လို့ နောက်ဆုံးခရီးဗီဒီယိုဖိုင်ကို ကြည့်ရှူရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

CRD:MMloadmdatenews

mdatenews